• Follow Us on
Latest News

Home ကာမဆိုင်ရာကိစ္စများအဓမ္မခိုင်းစေခဲ့သူ ၃ ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီချမှတ်

ကာမဆိုင်ရာကိစ္စများအဓမ္မခိုင်းစေခဲ့သူ ၃ ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီချမှတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

 

ကာမဆိုင်ရာကိစ္စများအား အဓမ္မခိုင်းစေခဲ့သူ ၃ ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်နေ မသင်းသင်းနိုင်၊ တစ်မြို့နယ်တည်းနေ မသဒ္ဒါ မောင်မောင်နှင့် မဟာအောင်မြေ မြို့နယ်နေ ကိုဗညားထောလဝီ(ခ)ဗညားတို့က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်နေ မ —၊ ၂၂ နှစ်အား မန္တလေးမြို့ရှိ စင်တင်တစ်ခုတွင် မော်ဒယ်ရှိုးလျှောက်ရမည်ဟု စည်းရုံးကာကြိုတင် ငွေများပေးပြီး ကာမဆိုင်ရာကိစ္စများ အဓမ္မခိုင်းစေခဲ့သဖြင့် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ် မြေရဲစခန်း (ပ) ၁၂၂/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှု ရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက် တွင် တရားခံ မသင်းသင်းနိုင်၊ ကိုဗညားထောလဝီ(ခ)ဗညားနှင့် မသဒ္ဒါမောင်မောင်တို့ သုံးဦးအား လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရအလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။

 

#PeopleMedia


Share this post