• Follow Us on

Home ကာယဆရာနှင့်အတူ ဇနီးဖြစ်သူတို့ နေအိမ်၌ သတ်ဖြတ်ခံရ

ကာယဆရာနှင့်အတူ ဇနီးဖြစ်သူတို့ နေအိမ်၌ သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ရေတွင်းကြီးကျေးရွာတွင် ကာယဆရာနှင့်အတူ ဇနီး ဖြစ်သူတို့ကို PDF များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

 

ရေတွင်းကြီးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ကာယဆရာအဖြင့် တာဝန်ထမ်းဆောင် နေသည့် ကာယာဆရာ ဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူတို့ကို PDF များမှ ဇူလိုင်လ ၁၂ ရက် ည ၉:၃၀ အချိန်တွင် နေအိမ်၌သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

PDF များ၏ သတ်ဖြတ်မှုကြောင့် အသက် (၅၄) နှစ်အရွယ် ကာယဆရာ ဦးခင်မောင်လတ်နှင့် အသက် (၃၇) နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်နန်းဟုန်တို့၏ လှည်ပင်းများကို PDF များမှ ဓားဖြင့်လှီးဖြတ်၍ ကျောက်ခဲ တို့ဖြင့်လည်း ထုရိုက်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post