ကာလရှည်ကျဆင်းနေတဲ့ ထိုင်းပြည်ပပို့ကုန် သြဂုတ်လအတွင်း ပြန်လည်မြင့်တက်လာ

PUBLISHED - September 27, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇
နိုင်ငံတကာထုတ်လုပ်မှုကဏ္ဍ၊ အပြုသဘောဆောင်တဲ့စားသုံးသူသုံးစွဲမှုနဲ့ ကုန်သွယ်မှုမိတ်ဖက်တွေကြား ဝန် ဆောင်မှုကဏ္ဍတိုးချဲ့မှုတို့ကြောင့် ၁၁ လအတွင်း မမျှော်လင့်ဘဲ ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံရဲ့ပြည်ပပို့ ကုန်ကဏ္ဍ ပြန်လည်တိုးတက်လာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာရေးသားဖော်ပြထားပါတယ်။
ထိုင်းဘတ်ငွေတန်ဖိုးလျော့ကျမှုဟာ ပြည်ပပို့ကုန်တွေအပေါ် အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုရှိခဲ့ သလို သန့်ရှင်းတဲ့စွမ်းအင်မူဝါဒမြှင့်တင်ရေးနဲ့ နည်းပညာထုတ်ကုန်တွေ ဝယ်လိုအားမြင့်မားလာမှုတို့က အခုလို ပြည်ပပို့ကုန်တွေကို မြင့်တက်စေခဲ့တာဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သြဂုတ်လအတွင်း သွင်းကုန် ၁၂.၈% နဲ့ ဒေါ်လာ ၂၃.၉ ဘီလျံ ရှိခဲ့သလို ပြည်ပပို့ကုန် ၂.၆% နဲ့ ဒေါ်လာ ၂၄.၃ ဘီလျံရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပိုငွေ ဒေါ်လာ သန်း ၃၆၀ ရှိခဲ့ကြောင်း ဝန်ကြီးဌာနက မနေ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကနေစပြီး (ရွှေ ရေနံဆက်စပ်ထုတ်ကုန်များနဲ့ စစ်လက်နက်ပစ္စည်းများ) အပါအဝင် ထိုင်း ပြည်ပပို့ကုန် ၃.၉% တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။
အခုနှစ် ပထမရှစ်လကာလအတွင်းမှာ ထိုင်းသွင်းကုန်က ၅.၇% ကနေ ၉၆ ဘီလျံ ကျဆင်းခဲ့သလို ထိုင်း ပြည်ပ ပို့ကုန်ကလည်း ၄.၅% ကနေ ၈၈ ဘီလျံ ကျဆင်းခဲ့တဲ့အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇.၉၂ ဘီလျံရှိခဲ့ တယ်လို့ ဆိုပါတယ်။
“သြဂုတ်လမှာတော့ ပြည်ပပို့ကုန်ကျဆင်းနေတဲ့ တခြားဒေသတွင်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းပြည်ပ ပို့ကုန်တွေ ကောင်းကောင်း တိုးတက်လာပါတယ်။ အိန္ဒိယက ၆.၉%၊ ထိုင်ဝမ်က ၇.၃%၊ တောင်ကိုရီးယားက ၈.၃%၊ တရုတ်က ၈.၈%၊ စင်္ကာပူက ၁၂.၆%၊ မလေးရှားနဲ့ အင်ဒိုနီးရှားက ၂၁.၂% အသီးသီးကျဆင်းခဲ့ကြပါ တယ်။” လို့ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကီးရာတီရပ်ချာနိုက ပြောပါတယ်။
ထိုင်းလယ်ယာထွက်ကုန်ပြည်ပတင်ပို့မှုဟာ လေးလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ၄.၂% တိုးတက်လာခဲ့ တယ်လို့ ၎င်းက ပြောပါတယ်။
လတ်ဆတ်သစ်သီးနဲ့ အေးခဲသစ်သီး ၉၉.၈%၊ ဆန် ၁၀.၈%၊ ရာသီစာအသီးအနှံ ၂၈.၆%၊ စည်သွပ်ဘူးနဲ့ အသင့်စား အသီးအရွက်က ၂၆.၅%၊ နို့နဲ့ နို့ထွက်ကုန်ပစ္စည်း ၁၃.၂% နဲ့ ကုန်ခြောက်အသီးအရွက်က ၂၂.၈% တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။
သုံးလအတွင်း စက်မှုထုတ်ကုန် ပြည်ပတင်ပို့မှုကလည်း ပထမဦးဆုံးအကြိမ်အဖြစ် တိုးတက်လာခဲ့တယ်လို့ ဆို ပါတယ်။
အဓိကမြင့်တက်လာခဲ့တဲ့ပို့ကုန်တွေထဲမှာ ကားနဲ့ ဆက်စပ်ပစ္စည်းတွေက ၅.၂%၊ အီလက်ထရောနစ်ဆားကစ် ဘုတ်တွေက ၃၉.၈%၊ စက်ပစ္စည်းအစိတ်အပိုင်းတွေက ၆.၄%၊ တယ်လီဖုန်းနဲ့ ဖုန်းအစိတ်အပိုင်းဆက်စပ် ပစ္စည်းတွေက ၃၆.၉%၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထရန်စစ္စတာနဲ့ ဆီလီကွန်ချိ(ပ်) တွေက ၇၄.၃%၊ အီလက်ထ ရစ်ထရန်စဖော်မာနဲ့ ဆက်စပ်ပစ္စည်းတွေက ၅၉.၁% နဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေက ၂၆.၉% ပါဝင် တယ်လို့ဆိုပါတယ်။
ပြည်ပပို့ကုန်ကဏ္ဍတိုးတက်မှုဟာ စက်တင်ဘာလမှာလည်း ဆက်လက်တိုးတက်နေလိမ့်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာကီးရာတီရပ်ချာနိုက ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းပြည်ပ ပို့ကုန်တန်ဖိုးဟာ ၂၅.၀ ဘီလျံရှိခဲ့တယ်လို့ဆိုပါတယ်။
အခုနှစ်စက်တင်လာလအတွင်း ထိုင်းပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ဘီလျံ ၂၀ ကျော်သွားမလားဆိုတာကို ရှင်း ရှင်းလင်းလင်းမသိရသေးပေမဲ့ အမှာစာတွေကို အခြေခံတွက်ချက်ရင် အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ပြည်ပပို့ကုန်တွေ မြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
“၁% ကနေ ၂% အထိ တိုးတက်လာဖို့ ရည်မှန်းထားတဲ့ ကျွန်တော်တို့ရဲ့ နှစ်စဉ်ပြည်ပပို့ကုန်ရည်မှန်းချက်က မပြောင်းလဲပါဘူး။ ပြည်ပပို့ကုန်မြှင့်တင်ရာမှာ ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကအခန်းကဏ္ဍဟာ အဓိကအရေးပါတဲ့အခန်း က ပါဝင်နေပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကအခန်းတွေကြား ပူးပေါင်းဆောင်ရွက်မှုဟာ ပြည်ပပို့ကုန်ထောက်ပံ့အား ပေးရာမှာ အလွန်အရေးကြီးပါတယ်။” လို့ မစ္စတာကီးရာတီက ပြောပါတယ်။
Ref: Thai exports rebound in August after long decline
#PeopleMedia