• Follow Us on

Home ကာ့စ်ခ်ဒေသကို ထိုးဖောက်ရာမှာ ယူကရိန်းတပ်တွေ ဒရုန်းနဲ့ jammer တွေကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုခဲ့

ကာ့စ်ခ်ဒေသကို ထိုးဖောက်ရာမှာ ယူကရိန်းတပ်တွေ ဒရုန်းနဲ့ jammer တွေကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆

 

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားပိုင် ကာ့စ်ခ်ဒေသထဲကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ဒရုန်းတွေနဲ့ jammer တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုခဲ့ကြောင်း ရုရှားစစ်ဘက်ရေးရာလေ့လာသူတွေက ပြောပါတယ်။

 

ကာ့စ်ခ်ဒေသကို ကျူးကျော်တိုက်ခိုက်နေစဉ်အတွင်းမှာ ယူကရိန်းတပ်ဖွဲ့ဟာ ရုရှားတပ်တွေရဲ့ စောင့်ကြည့် ထောက်လှမ်းစွမ်းရည်တွေကို တိုက်ခိုက်ဖို့နဲ့ နယ်စပ်ဒေသကာကွယ်ရေးကို ကန့်သတ်ပစ်လိုက်ဖို့အတွက် signal-jamming device တွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီ signal-jamming device တွေကြောင့် ယူကရိန်းမြေပြင်တပ်ဖွဲ့တွေ ရန်သူ့နယ်မြေထဲကို ချီတက်နေစဉ်အ တွင်း ရုရှားနယ်မြေထဲမှာ ယူကရိန်းဒရုန်းတွေက အငိုက်ဖမ်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းနိုင်ငံဟာ အီလက်ထရောနစ်စစ်ဆင်ရေးအတွက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့တဲ့နိုင်ငံဖြစ်တာကြောင့် အခုလိုနည်းလမ်းကို ယူကရိန်းကအသုံးပြုနေတာဟာ ဘာမှအံ့သြစရာမရှိကြောင်း ရုရှားစစ်ရေးကျွမ်းကျင်သူ ဆယ်မြူရယ်ဘန်းဒက်တ်က ပြောပါတယ်။

 

“ဒါက သဘာဝကျပါတယ်။ ဒီလိုနည်းဗျူဟာ တိုက်ခိုက်ရေးစနစ်တွေ၊ နည်းပညာတွေကို ဒီဇိုင်းရေးဆွဲထုတ်လုပ် နေပြီဆိုတဲ့အတွက် ယူကရိန်းဟာ ရုရှားထက် ရှေ့ပြေးနေတယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။” လို့ ၎င်းက CBC သတင်းဌာနကို ပြောပါတယ်။

 

ယူကရိန်းတပ်တွေဟာ ရုရှားနယ်မြေ စတုရန်း ကီလိုမီတာ ၈၀၀ (စတုရန်း ၃၀၈ မိုင်) ဝန်းကျင်ကျော်တဲ့အထိ ချီတက်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ရေးလေ့လာမှုအင်စတီကျူ (ISW) က ပြောပါတယ်။

 

ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ် ကျူးကျော်တိုက်ခိုက်မှုအတွင်း ရုရှားမြို့ ၂၈ မြို့ (28 Russian towns) ကျော်ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

တချို့သတင်းအချက်အလက်တွေက မီဒီယာတွေဆီကို ပေါက်ကြားခဲ့ပေမဲ့လည်း ယူကရိန်းအစိုးရကတော့ ၎င်း တို့ ထိုးစစ်ကို ဘယ်လိုအောင်မြင်စွာဆင်နွှဲနိုင်ခဲ့တယ်ဆိုတာ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိသေး ပါ ဘူး။ ဒါပေမဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလွန်ဂရုတစိုက် စနစ်တကျ စီစဉ်ပြီးမှ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းလွှတ်တော်အမတ် အိုလက်ဆီယီဂွန်ချာရန်ကိုက ပြောပါတယ်။

 

“တစ်ဖက်ရန်သူ မမျှော်လင့်တဲ့နေရာက တိုက်ခိုက်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ဒါ ယူကရိန်းတပ်မတော်က ဆောင်ရွက်ခဲ့တာပါပဲ။ ကျွန်တာ်တို့ နည်းဗျူဟာသစ်တွေ၊ နည်းစနစ်အသစ်တွေ သုံး မယ်ဆိုရင် မလွဲမသွေ အားသာချက်ရမှာအမှန်ပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားကျူးကျော်စစ်ကို ခုခံတွန်းလှန်ဖို့အွက် နိုင်ငံတကာထောက်ပံ့မှုတွေကတစ်ဆင့် ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖု့ိ စီစဉ်နေကြောင်း ယူကရိန်းက ၂၀၂၂ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ဒရုန်းစစ်ဆင်ရေးအတွက် ရည်မှန်းပြီး သီးသန့်ဒရုန်းတပ်ဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းတည် ထောင်ခဲ့ပါတယ်။

 

ယူကရိန်းဟာ အသေခံဒရုန်းတွေအသုံးပြုပြီး ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက် နိုင်တဲ့အတွက် မောင်းသူမဲ့ယာဉ်မျိုးစုံစနစ်တွေမှာ အများအပြားရင်းနှီးမြှုပ်နှံခဲ့တဲ့ အကျိုးရလဒ်ကို ခံစားနေရ ပုံ ပေါ်တယ်လို့ ဆိုပါတယ်။

 

“ရုရှားဖက်ဒရေးရှင်းကို အနိုင်တိုက်ခိုက်ဖို့ ကျွန်တော်တို့မှာ အစစအရာရာ အကုန်ရှိပါတယ်။ ဆက်သွယ်ရေး မြောင်း/ကတုတ်ကျင်းတွေထဲမှာ၊ ပင်လယ်ထဲမှာ၊ ကောင်းကင်မှာ၊ ရေအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေအစား အဲဒီလူတွေကို အစားထိုးဖို့ ကျွန်တော်တို့မှာ အစစအရာရာ အကုန်ရှိပါတယ်။” လို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး အီဗန်ဟာဗရီလိယက်ဗ်က ပြောပါတယ်။

 

Ref: Ukraine Skillfully Used Drones, Jammers to Break Into Kursk: Russian Observers: The Defense Post

 

#PeopleMedia


Share this post