• Follow Us on
Latest News

Home ကားငှားသူများမှ ယာဉ်ပိုင်ရှင်ကိုသတ်ဖြတ်ကာ ယာဉ်အား လုယက်ယူဆောင်မှု ပြင်ဦးလွင်မြို့နယ်၌ဖြစ်ပွား

ကားငှားသူများမှ ယာဉ်ပိုင်ရှင်ကိုသတ်ဖြတ်ကာ ယာဉ်အား လုယက်ယူဆောင်မှု ပြင်ဦးလွင်မြို့နယ်၌ဖြစ်ပွား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

ကားငှားသူများမှ ယာဉ်ပိုင်ရှင်အမျိုးသားကို သတ်ဖြတ်ကာ ယာဉ်ကို လုယက်ယူဆောင်မှုဖြစ်စဉ်တစ်ခု ဇန်နဝါရီလ ၁၈ ရက်နေ့ ပြင်ဦးလွင်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူများက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ချမ်းအေးသာစံမြို့နယ်နေ ကိုဆန်းမျိုးမြင့်ထံ အမျိုးသား ၁ ဦးမှ ကားငှားရန် ဖုန်းဆက်ခဲ့သဖြင့် နေအိမ်မှ Suzuki Ertiga အဖြူရောင် ယာဉ်အမှတ် MDY 9P- 4526 ကို မောင်းနှင်ထွက်ခွာသွားခဲ့ရာ ည ၈ နာရီအထိ လူကော ကားပါပြန်ရောက်မလာသဖြင့် မိသားစုမှ သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

သက်ဆိုင်ရာမှ စစ်ဆေးခဲ့ရာ CCTV မှတ်တမ်းအရ ကိုဆန်းမျိုးမြင့်ဆိုသူသည် မန္တလေးအထွက် အုန်းချော တိုးလ်ဂိတ်တွင် ကားကို ကိုယ်တိုင်မောင်းပြီးထွက်သွားသော်လည် ယင်းနေ့ ညနေ ၄ နာရီခန့်အချိန်တွင် ပြန်ဝင် လာသောအခါ ကိုဆန်းမျိုးမြင့်ဆိုသူ ပြန်ပါမလာပဲ ကားငှားရန်သူဟု ယူဆများသာ ပြန်လည်မောင်းနှင်လာခဲ့ ကြောင်း သိရသည်။

 

ထို့နောက် ဇန်နဝါရီလ ၁၉ ရက်တွင်  ပြင်ဦးလွင်မြို့နယ်၊ မန်ကျည်းအင်းကျေးရွာအနီး မြစ်ကမ်းဘေးမှာ အမျိုး သား ၁ ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပျောက်ဆုံးနေသည့် ကိုဆန်းမျိုးမြင့် ဖြစ်နေကြောင်းနှင့် သေဆုံးသူ၏ အလောင်းတွင် ထိုးသွင်းဒဏ်ရာများ တွေ့ရှိရပြီး၊ သက်ဆိုင်ရာမှ တရားခံများ ဖမ်းဆီးရမိနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post