• Follow Us on

Home ကားလမ်းဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်ကို တိုက်မိရာ မော်တော်ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံး

ကားလမ်းဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်ကို တိုက်မိရာ မော်တော်ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ရေး- ထားဝယ်ကားလမ်းဘေးတွင် ရပ်တန့်ထား သည့် မော်တော်ယာဉ်ကို မော်တော်ဆိုင်ကယ်မှ အရှိန်လွန်ပြီး တိုက်မိရာမော်တော်ဆိုင်ကယ်မောင်းသည့် အမျိုးသား သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၂၃ ရက် ညနေ ၃:၃၀ အချိန်တွင် TOYOTA TOYOACE အမျိုးအစား အပြာရောင်မော်တော်ယာဉ်မှ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ်(၄၆/၄)နှင့် (၄၆/၅)မိုင်တိုင်ကြားအရောက်တွင် ယာဉ်ပေါ်သို့ သဲများ တင်ဆောင်ရန်အတွက် အလုပ်သမားများခေါ်ယူရန်အတွက် ကားလမ်း၏ညာဘက်ဘေးတွင် မော်တော်ယာဉ် အား ရပ်တန့်ထားစဉ် ကွမ်းသီးများတင်ဆောင်လာသည့် မော်တော်ဆိုင်ကယ်မှ ထိုရပ်တန့်ထားသည့် မော် တော်ယာဉ်ကို အနောက်မှအရှိန်လွန်၍ ဝင်တိုက်မိကြောင်း သိရသည်။

 

ထိုယာဉ်တိုက်မှုကြောင့် ဦးသိန်းဝင်း၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ညာဘက် လက်ဖျံရိုးကျိုးဒဏ်ရာ၊ ညာဘက်ဒူးခေါင်းရိုးကျိုးသည့် ဒဏ်ရာများရရှိ၍ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post