ကိယက်ဗ်တက်သုတ်ရိုက်ခရီးစဉ်အပြီး သမ္မတဂျိုးဘိုင်ဒန် ပိုလန်ကို ပြန်လည်ရောက်ရှိ
PUBLISHED - February 21, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ စစ်ဖြစ်ပွားနေတဲ့ယူကရိန်းနိုင်ငံကို တက်သုတ်ရိုက်သွားလာခဲ့ပြီး ဖေဖော်ဝါရီ လ ၂၀ ရက်နေ့ ညနေပိုင်းမှာ ပိုလန်နိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။
အမေရိကန်သမ္မတရဲ့ Air Force One လေယာဉ်ဟာ ပိုလန်နိုင်ငံ ဇက်ဇော (Rzeszów) မြို့ကနေ မိနစ် ၄၀ ခန့် ပျံသန်းလာပြီး ပိုလန်နိုင်ငံရဲ့မြို့တော် ဝါဆောမြို့ကို ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်မှာရောက်ရှိပါတယ်။
သမ္မတဘိုင်ဒန်ဟာ ဝါဆောမြို့ကိုလေယာဉ်ခရီးစဉ်နဲ့ပြန်မလာခင် ကိယက်ဗ်မြို့ကနေ ပိုလန်နိုင်ငံထဲကို ရထားနဲ့ ၁၀ နာရီကြာစီးနင်းခဲ့တယ်လို့ဆိုပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို အားပေးထောက်ပံ့ကြောင်း ပြသဖို့အတွက် တနင်္လာနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) အစောပိုင်းက ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရောက်ရှိလာပြီး ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးနဲ့ တွေ့ဆုံပါတယ်။
အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ ယူကရိန်းစစ်ပွဲဖြစ်ပွားနေသမျှကာလတစ်လျှောက်လုံး သမ္မတဇီလန် စကီးနဲ့ ယူကရိန်းပြည်သူတွေဘက်က အားပေးထောက်ခံသွားမှာဖြစ်ကြောင်း ကတိပြုလိုက်ပြီး ယူကရိန်းနိုင်ငံ အတွက် နောက်ထပ် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိတဲ့ စစ်ရေးအကူအညီသစ်တွေ ထပ်မံထောက်ပံ့ပေးအပ် သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
“တစ်နှစ်ကြာလာပြီးတဲ့နောက်မှာ ကိယက်ဗ်မြို့တော်က ကြံံ့ကြံ့ခံရပ်တည်နေသလို ယူကရိန်းနိုင်ငံလည်း ကြံ့ ကြံ့ခံရပ်တည်နေဆဲပဲ။ ဒီမိုကရေစီဟာလည်း ကြံ့ကြံ့ခံ ရပ်တည်နေဆဲပါပဲ။ အမေရိကန်က ယူကရိန်းပြည်သူ တွေနဲ့ ရပ်တည်နေသလို ကမ္ဘာကြီးကလည်း ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်။” လို့ သမ္မတ ဇီလန်စကီးနဲ့ ယှဉ်ပြီးရပ်နေတဲ့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
သမ္မတဘိုင်ဒန်ဟာ ဖေဖော်ဝါရီလ ၂၁ ရက် (အင်္ဂါနေ့) မှာ ပိုလန်နိုင်ငံမှာ ပိုလန်သမ္မတ အန်ဒရီဇ်ဒူဒါနဲ့ တွေ့ ဆုံပြီး ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုသွားမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) မှာတော့ သမ္မတဘိုင်ဒန်ဟာ နေတိုးအရှေ့ဖျားစစ်တောင်ပံက အဖွဲ့ဝင်နိုင်ငံ တွေဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူယေးနီး ယား၊ ပိုလန်၊ ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေပါဝင်တဲ့ ဘူးခရက်ကိုးနိုင်ငံက ခေါင်းဆောင်တွေနဲ့ သွား ရောက်တွေ့ဆုံမှာဖြစ်ပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ဒေသရဲ့တစ်ခုရဲ့ အတွင်း/အပြင်ကို နိုင်ငံတော်သမ္မတဘယ်လိုသွားလာမယ်ဆိုတာ အိမ်ဖြူ တော်က အထူးဂရုစိုက်ပြီး စီစဉ်ဆောင်ရွက်ရတာဖြစ်လို့ သမ္မတဘိုင်ဒန်ရဲ့ ယူကရိန်းခရီးစဉ်ကို လျှို့ဝှက်ဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ မေရီလန်းပြည်နယ်မှာရှိတဲ့ အင်ဒရူးပူးတွဲစစ်အခြေစိုက်စခန်းကနေ ဖေဖော်ဝါရီလ ၁၉ ရက် (တနင်္ဂနွေနေ့) မနက်ပိုင်းမှာ Air Force One အထူးလေယာဉ်နဲ့ထွက်ခွာလာပါတယ်။ အဲဒီနောက် ဂျာမနီ မှာတစ်ထောက်နားဆီဖြည့်ပြီး ပိုလန်နိုင်ငံကို ဆိုက်ရောက်လာတာဖြစ်ပါတယ်။
ပိုလန်နိုင်ငံရောက်ရှိတဲ့အချိန်မှာ အထူးရထားတစ်စီးကို ၁၀ နာရီကြာစီးနင်းပြီး ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ထွက်ခွာလာခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ခရီးစဉ်ကို သမ္မတကိယက်ဗ်ကို မရောက်မချင်း မကြေညာခဲ့ဘူးလို့ ဆိုပါတယ်။
Ref: Biden arrives in Warsaw after surprise trip to Kyiv
#PeopleMedia
(unicode)
…………………………………………………
Ref: Biden arrives in Warsaw after surprise trip to Kyiv
#PeopleMedia