ကိုဗစ်ကာကွယ်ဆေး အခွင့်ထူးခံထိုးနှံသည်ဆိုသော မီဒီယာများဖော်ပြမှုကြောင့် စပိန်တပ်ချုပ် ရာထူးမှနှုတ်ထွက်

PUBLISHED - January 25, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄ (People Media)
ဦးစားပေးအုပ်စုများတွင်ပါဝင်သူများ မတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့သည်ဆိုသော စွပ် စွဲချက်များကြောင့် စပိန်နိုင်ငံရှိ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး ယမန်နေ့ ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၂ ရက်က အဆိုပါသတင်းများကို မီဒီယာများက ဖော်ပြပြီးနောက် စပိန် ကာကွယ်ရေးဝန် ကြီး မာဂါရီတာရိုဘဲစ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မီဂွဲလ်အိန်ဂျယ်ဗီလာယိုရာအား မေးမြန်းမှုပြုလုပ် ခဲ့သည်။
စပိန်ကာကွယ်ရေးဝန်ကြီးဌာနက မီဒီယာများ၌ ဖော်ပြနေသည့်သတင်းကို အတည်ပြုခဲ့သော်လည်း ဗိုလ်ချုပ်ကြီး မီဂွဲလ်အိန်ဂျယ် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခဲ့သည်ဆိုသောသတင်းကို အသေးစိတ်မဖြေရှင်းခဲ့ပေ။
ဗိုလ်ချုပ်ကြီး မီဂွဲလ်အိန်ဂျယ်က စပိန်လက်နက်ကိုင်တပ်ဖွဲ့၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကို ထိခိုက်စေမည့် မျှတမှု မရှိသော အခွင့်ထူးခံမှုရယူရန် မည်သည့်အခါမျှ မစဉ်းစားခဲ့ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ဗိုလ်ချုပ်ကြီး မီဂွဲလ်အိန်ဂျယ်က မှန်ကန်သည်ဟု ယူဆခဲ့သော ကိစ္စရပ်အတွက်၊ တပ်မတော်၏ပုံရိပ် ထိ ခိုက်စေမှုအတွက် တာဝန်ယူခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ကိုးကား – သည်နေရှင်နယ်နယူးစ်
Ref; Spanish general resigns over vaccine queue-jumping allegations
#PeopleMedia #COVID19
(unicode)
Ref; Spanish general resigns over vaccine queue-jumping allegations
#PeopleMedia #COVID19