ကိုဗစ်ရောဂါ ကုသသည့် ပထမဆုံး သောက်ဆေးအား အရေးပေါ်အသုံးပြုရန် အမေရိကန် FDA ခွင့်ပြု
PUBLISHED - December 23, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃ (People Media)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအား ကုသရာတွင် အရေးပေါ်အသုံးပြုနိုင်မည့် ပထမဆုံးသောက်ဆေးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (USFDA) က ဒီဇင်ဘာ ၂၂ ရက်တွင် ခွင့်ပြု လိုက်သည်။ ၎င်းဆေးကို ကိုဗစ်ရောဂါလက္ခဏအပျော့စားနှင့် အလယ်အလတ်အဆင့်ရှိသော အရွယ်ရောက် ပြီးသူနှင့် အသက် ၁၂ နှစ်နှင့် အထက်ရှိသော ကလေးများတွင် အသုံးပြုနိုင်ပြီး ရောဂါပြင်းထန်သည့် အန္တရာယ် ရှိသူ လူအုပ်စုများတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
Pfizerကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်ကုသဆေး၏အမည်သည် Paxlovid ဖြစ်ပြီး ပိုးသတ်ဆေးနှစ်မျိုး ရော စပ်ထားခြင်းဖြစ်ကြောင်း USFDA ၏ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ လူနာသည် ကို ဗစ်ကူးစက်မှုကို အတည်ပြုပြီးနောက် လျင်မြန်စွာကုသရမည်ဖြစ်ရာ ကိုဗစ်ရောဂါလက္ခဏာပေါ်လာပြီးနောက် ၅ ရက်အတွင်း သောက်သုံးရမည်ဖြစ်ကာ ရက်ဆက်ဆေးသောက်သုံးမှုကို ၅ ရက်ထက် မကျော်လွန်စေရကြောင်း ဆိုသည်။
အသုံးပြုနိုင်သည့် သိပ္ပံအထောက်အထားအားလုံး၏ ခန့်မှန်းသုံးသပ်မှုများ ပြုလုပ်ပြီးနောက် Paxlovid သည် ကိုဗစ်ရောဂါလက္ခဏာအပျော့စားမှ အလယ်အလတ်အဆင့်ရှိလူနာများအား ကုသရတွင် ထိရောက်မှုရှိနိုင် သည်ဟု USFDA ယူဆကြောင်း၊ ၎င်းဆေးတွင် သိရှိပြီးသည့်အချက်နှင့် အကျိုးကျေးဇူးများနိုင်သည့်အချက်များ က သိရှိပြီးသော အန္တရာယ်များနိုင်မှုများကို ကျော်လွန်ကြောင်း ဆိုသည်။ အဆိုပါဆေး၏ အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးများက အရသာပျောက်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတိုးနှင့်ကြွက်သားနာကျင်ကိုက်ခဲခြင်း စသည်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
USFDA ၏ ဆေးဝါးပစ္စည်း အကဲဖြတ်ခြင်းနှင့်သုတေသနစင်တာ ဒါရိုက်တာ Cavazzoni က ဗီဇာပြောင်း ကိုရိုနာဗိုင်းရပ်စ်များ ထွက်ပေါ်လာခြင်းနှင့်အတူ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုသည် အရေးကြီး သည့်အပိုင်းအခြားသို့ ရောက်ရှိနေကြာင်း ၊ ဤသောက်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကိုတိုက်ဖျက်ရန်အတွက် ကိရိယာအသစ် ပံ့ပိုးပေးသလို ဖြစ်စေကြောင်း ဆိုသည်။
(Xinhua)
#PeopleMedia #COVID19
(unicode)
……………………………………………………………………
(Xinhua)
#PeopleMedia #COVID19