ကိုဗစ်ပြဿနာများတဟုန်ထိုးကြီးထွားလာသည့်ကြားမှ ထိုင်းဆန္ဒပြသူများက ဝန်ကြီးချုပ်နုတ်ထွက်ရန် တောင်းဆို

PUBLISHED - August 2, 2021
ဘန်ကောက်၊ သြဂုတ် ၂ (People Media)
ထိုင်းနိုင်ငံမှ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများသည် တနင်္ဂနွေနေ့က ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် လမ်းမများပေါ်သို့ တက်ရောက်ဆန္ဒပြခဲ့ကြသည်။
ထိုင်းနိုင်ငံအနေဖြင့် ယနေ့အချိန်အထိ အကြီးမားဆုံး ရောဂန္တရကပ်ကြီးကို ရင်ဆိုင်ရုန်းကန်နေရစဉ်အတွင်း COVID-19 ရောဂါပြန့်နှံ့မှု ကိုင်တွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ပရာယုချန်အိုချာ နုတ်ထွက် ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ဘန်ကောက်မြို့တွင် ဆန္ဒပြသူများသည် မြို့လယ်ကောင် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်မှ မြို့ပြင်ရှိ ဒွန် မောင်းနိုင်ငံတကာလေဆိပ်သို့ သွားရာလမ်းဖြစ်သည့် ကီလိုမီတာ ၂၀ (၁၂ မိုင်) ရှိ လမ်းကြောင်းတစ်လျှောက် ရှေးရှုချီတက်ရင်း ယာဉ်မောင်းသူများက ကားဟွန်းများကိုကျယ်လောင်စွာတီး၍ မော်တော်ဆိုင်ကယ်မောင်းနှင် သူများက “The Hunger Games” ရုပ်ရှင်မှလှုံ့ဆော်သည့် တော်လှန်ရေးအမူအရာသင်္ကေတဖြစ်သော လက် သုံးချောင်းထောင်ခဲ့ကြသည်။
“ကျွန်တော်တို့ ဘာမှလုပ်ကိုင်ရှာဖွေစားသောက်လို့မရနိုင်လောက်အောင်ပဲဖြစ်နေပြီ။ တစ်အိမ်လုံး ဒုက္ခရောက် နေပြီဗျာ” ဟု ၄၇ နှစ်အရွယ်ဆန္ဒပြသူတစ်ဦးက ကားထဲမှလှမ်းပြောသည်။
၎င်းက အစိုးရနှင့်ပတ်သက်သော နောက်ဆက်တွဲဆိုးကျိုးများကို ကြောက်ရွံ့သဖြင့် သူ့နာမည်ပထမစာလုံး ဖြစ်သော “ချိုင်း” ကိုသာ ထုတ်ဖော်ပြောဆိုခဲ့သည်။
“အစိုးရက ကာကွယ်ဆေးအချိန်ကိုက် မထိုးပေးဘူးဗျာ။ ကျွန်တော်တို့အများအပြား အခုထိ ဘာကာကွယ်ဆေး မှမထိုးကြရသေးဘူး။ ကျွန်တော်တို့လမ်းပေါ်ထွက်ပြီး မတောင်းဆိုဘူးဆိုရင် အစိုးရက ကျွန်တော်တို့ကို လျစ် လျူရှုထားမှာပေါ့ဗျာ” ဟု ၎င်းကပြောသည်။
အခြားပြည်နယ်များတွင်လည်း အလားတူဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်ကုန်ခါနီးတွင် လူဦးရေသန်း ၅၀ ကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထား သော်လည်း ယနေ့အချိန်အထိ နိုင်ငံ့လူဦးရေ ၆၆ သန်းကျော်၏ ၅.၈% ကိုသာ ကာကွယ်ဆေးအပြည့်ထိုးနှံပေး ရသေးသည်။
လူဦးရေ ၂၁% မှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံထားပြီးကြောင်းသိရသည်။
COVID-19 ရောဂါပိုးထပ်တိုးကူးစက်ခံရသူ ၁၈,၀၂၇ ဦးနှင့် ထပ်တိုးသေဆုံးသူ ၁၃၃ ဦးရှိပြီး စုစုပေါင်းရောဂါကူး စက်ခံရသူ ၆၁၅,၃၁၄ ဦးနှင့် သေဆုံးသူ ၄,၉၉၀ ဦးရှိသွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက တနင်္ဂနွေနေ့တွင် ထုတ် ပြန် ကြေညာခဲ့သည်။
Ref; Thai protesters demand PM resign amid surge in COVID cases
#PeopleMedia #International
(unicode)
………………………………………………………………
Ref; Thai protesters demand PM resign amid surge in COVID cases
#PeopleMedia #International