ကိုဗစ်ကြောင့်ရပ်နားထားသည့် မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ကျင်းပမည်

PUBLISHED - August 24, 2023
နေပြည်တော်၊ ဩဂုတ် ၂၄
ကိုဗစ်-၁၉ ကြောင့် ရပ်နားထားသည့် မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပြန်လည် ကျင်းပမည်သွားမည်ဖြစ်ကြောင်း သိရသည်။
မြသလွန်စေတီတော်မြတ်ကြီး ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်းပိုင်းမှ သီတင်းကျွတ်လ ပြည့်ကျော်အထိ ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်မှ စတင်ကာ ရပ်နားခဲ့ခြင်းဖြစ်သည်။
မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၅ ခုနှစ် သီတင်းကျွတ် လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်နေ့ထိ (အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၁၂ ရက်ထိ) ရက်(၂၀) ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ယခင်နှစ်များနည်းတူ သံဃာ တော်များပင့်ဖိတ်၍ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်းနှင့် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia