• Follow Us on
Latest News

Home ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ်ထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ်ထပ်မံတိုးမြှင့်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

 

ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ အသိပေးကြေညာထားသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ သက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်၍ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း ၈၇၉ ခု၊ ချေးငွေ ပမာဏ ကျပ် ၁၃.၁၃၂၅ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်အနေဖြင့် အဆိုပါချေးငွေထုတ်ပေးခဲ့သည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍမှ လုပ်ငန်း ၈၇၉ ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် ဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် စေ့ရောက်သည့်နေ့စ၍ သက်တမ်း ၁ နှစ် တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခဲ့သည်။

 

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ ထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွား ရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် သက်တမ်း တိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့သည်။

 

သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၈၇၉ ခု အနေဖြင့် တစ်ဖက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း ၂ နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့်ပေး ကြောင်း အသိပေးထားသည်။

 

လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့်ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် ပြန်လည်ပေး ဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

 

#PeopleMedia


Share this post