• Follow Us on
Latest News

Home ကိုဗစ်-၁၉ ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းအောင်ကုသပေးနိုင်သည့် ဆေးတစ်လက်ဖော် ထုတ်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌပြောကြား

ကိုဗစ်-၁၉ ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းအောင်ကုသပေးနိုင်သည့် ဆေးတစ်လက်ဖော် ထုတ်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

 

ကိုဗစ်-၁၉ ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်သည့် ကိုဗစ်-၁၉ ရောဂါကု သဆေး တစ်လက် ဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။

 

“ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက် နေချိန်၌ ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနက မြန်မာ့တိုင်းရင်းဆေးကျမ်းလာ ဝိသမ အဖျားပျောက်ဆေးကို စနစ်တကျ သုတေသန ဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါလက္ခဏာ များကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်တဲ့  ကိုဗစ်-၁၉ ရောဂါကုသဆေး တစ်လက် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများမှာ ဝိသမအဖျားပျောက် ဆေးဖြင့် ကိုဗစ်-၁၉ ရောဂါသာမက ရာသီတုပ်ကွေးရောဂါကိုပါ ကုသပေးနေတာကို သိရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။”ဟု  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအနေနှင့် မြန်မာ့တိုင်းရင်း ဆေးဝါးများ ထုတ် လုပ်ရေးနှင့်ပတ်သက်ပြီး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (MSME)များကို ရေရှည် အာမခံချက်ရှိအောင် အားပေးကူညီ ပံ့ပိုးပေးလျက်ရှိကြောင်း၊     ဝိသမအဖျားပျောက်ဆေးကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါးများကို စနစ်တကျသုတေသန ပြုလုပ်၍ အများပြည်သူ ယုံကြည်အားထားလာအောင် ဆောင်ရွက်ကြရန်နှင့် ဘေးဥပဒ်ကင်းပြီး အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာသို့ တင်ပို့နိုင်အောင် မျှော်မှန်း ဆောင်ရွက်ကြရန် ကိုလည်း အားပေးတိုက်တွန်းလိုကြောင်းဖြင့် ပြောသည်။

 

မြန်မာ့သမိုင်း အစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုခဲ့ကြသည့် မြန်မာ့ရိုးရာတိုင်းရင်း ဆေးပညာ အဆင့် အတန်းပိုမိုမြင့်မားစေရန်နှင့်  ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများ သင်ယူလေ့လာ ခြင်း၊ မျှဝေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း၍ ကမ္ဘာ့အလယ်တွင် မြန်မာ့တိုင်းရင်းဆေးပညာဟု ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အဖက်ဖက်ကလိုအပ်ချက် များကို ဝိုင်းဝန်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်၏ လမ်းညွှန်ပံ့ပိုးပေးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နှစ်စဉ်သုတေသနရန်ပုံငွေများ ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေနှင့် အစွမ်းထက်မြက်လှသော မြန်မာ့တိုင်းရင်း ဆေးပညာ ကုထုံးများ၊ ဆေးနည်းများ၊ ဆေးပင်များကို အတွေ့အကြုံ အခြေပြု ဆေးပညာမှသည် အထောက်အထားအခြေပြု ဆေးပညာအဖြစ်သို့ ရောက်ရှိအောင် သုတေသနများတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post