• Follow Us on

Home ကိုယ်လက်အင်္ဂါပျက်စီးနေသည့် မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းတွေ့ရှိ

ကိုယ်လက်အင်္ဂါပျက်စီးနေသည့် မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁ ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ထူပါရံစုပေါင်းအိမ်ရာရှိ ရေနုတ်မြောင်းထဲတွင် ကိုယ်လက်အင်္ဂါ ပျက်စီးနေသည့် စွန့်ပစ်မွေးကင်းစကလေးငယ်၏ ရုပ်အလောင်း ရှာတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ မွေးကင်းစကလေးငယ်ကို ဇန်နဝါရီလ ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ရေနုတ်မြောင်းထဲ၌ ပိုင်ရှင်မဲ့မွေးကင်းစကလေးငယ်ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ YRO အဖွဲ့ဝင် သစ္စာမဏ္ဍိုင်-လူမှုကူညီကယ်ဆယ်ရေးအသင်း၊ အောင်နိုင်သူ-လူမှုကူညီရေးအသင်းတို့မှ စေတနာ့ ဝန်ထမ်းများမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

“ဘယ်ကနေမြောလာလည်းဆိုတာတောင်မသိဘူး။ ချောင်းရေအတတ်အကျမှာ မြောလာပြီးတော့ သစ်ပင်ကိုင်း တွေမှာ ညှိပြီးတော့ ရေကျတော့ကျန်နေခဲ့တာ။ ကလေးကအင်္ဂါတွေမစုံတော့ဘူး” လို့ မြေပြင်အား သွားရောက် ကူညီသည့် YRO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

ထိုမွေးကင်းစကလေးရုပ်အလောင်းကို ပလက်စတစ်အိတ်ဖြင့် သေခြာစွာထုတ်ပိုးပြီး စံပြအထွေထွေရောဂါကု ဆေးရုံ(သင်္ဃန်းကျွန်း) သို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

အလားတူ မကြာသေးမီရက်ပိုင်းကလည်း တာမွေမြို့တွင် အိတ်အမဲဖြင့်ထုတ်ပိုးပြီး လမ်းဘေးတွင် စွန့်ပစ်ထားသည့် ပိုင်ရှင်မဲ့မွေးကင်းစကလေးငယ်ရုပ်အလောင်းလည်း တွေ့ရှိခဲ့သေးသည်။

 

Photo – Credit

 

#PeopleMedia


Share this post