ကိုယ်ဝန်ဖျက်ချရေးအငြင်းပွားမှုကြောင့် နှောင့်နှေးကြန့်ကြာနေပြီးနောက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးချားစ်ဘရောင်းကို အထက်လွှတ်တော်က မဲပေးရွေးချယ်
PUBLISHED - September 22, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂
အမေရိကန်တပ်မတော်ရဲ့ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးချားစ်ဘရောင်းကို အမေရိကန် လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၂၀ ရက်နေ့) က မဲပေးရွေးချယ်လိုက်ကြပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ကိုယ်ဝန်ဖျက်ချခွင့်မူဝါဒကို လွှတ်တော်အမတ်တစ်ဦးက ကန့်ကွက်နေတဲ့ကိစ္စကြောင့် အမေရိကန်တပ်မတော်ထိပ်တန်းရာထူးအတွက် ရွေးချယ်မယ့်ကိစ္စ ကြန့်ကြာနေတဲ့ကြားထဲက ဗုဒ္ဓဟူးနေ့က အခုလိုမဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးဘရောင်းဟာ ထောက်ခံမဲ ၈၃ မဲ – ကန့်ကွက်မဲ ၁၁ မဲရရှိခဲ့ပြီး ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးကောလင်းပါဝဲလ်ပြီးရင် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်မယ့် ဒုတိယမြောက်လူမည်းဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။
ဒီလိုပဲ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးလူမည်းကာကွယ်ရေးဝန်ကြီးအဖြစ် ပင်တဂွန်စစ်ဌာနချုပ်ကို ကာကွယ် ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်ဦးဆောင်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးဘရောင်းက ပူးတွဲစစ်ဦးစီးချုပ်များအ ဖွဲ့ ဥက္ကဋ္ဌဖြစ်လာတာဖြစ်ပါတယ်။
အလားတူ ကြည်းတပ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရန်ဒီဂျော့ချ်၊ မရိန်းတပ်ဖွဲ့အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီး အဲရစ်တို့ရဲ့အမည်စာရင်းတင်သွင်းမှုတွေကိုလည်း မဲပေးရွေးချယ်ကြဖို့ ဒီမိုကရက်ပါတီက ထိပ်တန်းအထက် လွှတ်တော်အမတ် ချပ်ရှှုးမက်က ပြောပါတယ်။
“သူတို့တွေလည်း သူတို့ရာထူးနေရာတွေမှာ တာဝန်ထမ်းဆောင်နေသင့်ပါပြီ။ အထက်လွှတ်တော်အနေနဲ့ အရှက်မရှိလမ်းလွဲနေတဲ့ အထက်လွှတ်တော်အမတ်တစ်ယောက်တည်း ကျေနပ်စေဖို့အတွက် လုပ်ထုံးလုပ် နည်းစည်းမျဉ်းတွေကို မကျော်လွှားသင့်ပါဘူး။” လို့ ရှှုးမက်က ၎င်းမကျေနပ်ဖြစ်နေတဲ့ အထက်လွှတ်တော်အ မတ် တော်မီတပ်ဘာဗေးလ်ကို ရည်ညွှန်းပြီး အထက်လွှတ်တော်ခန်းမထဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီ အငြိမ်းစားယူပြီးနောက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ဖို့ လက်ရှိ အမေရိကန်လေတပ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဘရောင်းကို မေလတုန်းက သမ္မတဂျိုး ဘိုင်ဒန်က ရွေးချယ်ခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် အထက်လွှတ်တော်ဟာ စစ်ဘက်ဆိုင်ရာအမည်စာရင်းတင်သွင်း မှုတွေကို အလျင်အမြန်ထောက်ခံလေ့ရှိပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ကြီးဘရောင်းကို ကန့်ကွက်မဲပေးခဲ့တဲ့ အယ်လာဘားမားပြည်နယ် ရီပတ်ဘလီကန်ပါတီဝင် အ ထက်လွှတ်တော်အမတ် တော်မီတပ်ဘာဗေးလ်က အဲဒီအခွင့်အလမ်းကို ပိတ်ပင်ထားခဲ့ပါတယ်။
တာဝန်ကျနေရာတွေမှာ သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်မရတဲ့အတွက် အဲဒီကျန်းမာရေး စောင့်ရှောက်မှုရရှိဖု့ိ ခရီးသွားရမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကူညီထောက်ပံ့ဖို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ကြိုးပမ်းမှုကို ဆန့်ကျင်ပြီး တပ်ဘာဗေးလ်က အခုလို မဲပေးထောက်ခံခွင့်အခွင့်အလမ်းကို ပိတ်ဆို့ခဲ့တာဖြစ်ပါ တယ်။
ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကို တစ်နိုင်ငံလုံးမှာအသုံးပြုလို့မရဘူးလို့ အမေရိကန်တရားရုံးချုပ်က ၂၀၂၂ ခုနှစ်မှာ အမိန့်ချမှတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အခုနှစ်အစောပိုင်းမှာ မူဝါဒတွေကို ထုတ် ပြန်ခဲ့ပါတယ်။
အဲဒီမူဝါဒတွေအရ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ “သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့အတွက် ရှောင်တခင်ခွင့်ယူနိုင်ပြီး” အဲဒီခရီးစဉ်အတွက် ခရီးသွားလာခွင့်စရိတ်ကို ကာကွယ်ရေးဝန်ကြီးဌာနကထောက် ပံ့ပေးသွားမှာဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကို အထက်လွှတ်တော်အမတ် တော်မီတပ်ဘာဗေးလ်ကကန့်ကွက်နေတဲ့အတွက် အထက်လွှတ် တော်ဟာ စစ်ဘက်ဆိုင်ရာအမည်စာရင်းတင်သွင်းမှုတွေကို တစ်ဦးတစ်ယောက်ချင်းအတွက်သာ ထောက်ခံနေ ရတဲ့အတွက် အချိန်ပိုကြာနေတယ်လို့ ဆိုပါတယ်။
အထက်လွှတ်တော်အမတ်တွေဟာ မရပ်နားဘဲတစ်ဆက်တည်း အလုပ်လုပ်မယ်ဆိုရင် စစ်ဘက်ဆိုင်ရာအမည် စာရင်းတင်သွင်းမှုတွေကို ရက်ပေါင်း ၃၀ နဲ့ ၁၇ နာရီအတွင်း အပြီးသတ်ဆောင်ရွက်နိုင်တယ်လို့ ကွန်ဂရက် လွှတ်တော်သုတေသနဌာနက သြဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။
အဲဒီခန့်မှန်းချက်ဟာ မဲပေးရွေးချယ်ခံရဖို့ စောင့်ဆိုင်းနေတဲ့ အမည်စာရင်းတင်သွင်းခံထားရတဲ့ တပ်မတော်အရာ ရှိ ၂၇၃ ဦးကို အခြေခံတွက်ချက်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာ တပ်မတော်အရာရှိ ၃၀၀ ကျော် မဲပေးရွေး ချယ်ခံရဖို့ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
Ref: Top US Military Officer Approved After Abortion Dispute Delay
#PeopleMedia