ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် အမျိုးသမီးများ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် လျှောက် ထားနိုင်ကြောင်း ထုတ်ပြန်
PUBLISHED - February 14, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် အမျိုးသမီးများ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် မတ်လ (၄) ရက်မှ (၁၀) အထိ လျောက်ထားနိုင်ကြောင်း အစိုးရပြည်ပအလုပ်သမားအေဂျင်စီမှ ထုတ်ပြန်ထားသည်။
ထိုဝန်ဆောင်မှုလုပ်ငန်းအတွက် ကိုရီးယားနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်း တိုးချဲ့ခေါ်ယူရာတွင် ကျား/မ မရွေး ဝင်ရောက်ခြေဆိုခွင့်ရရှိမည်ဖြစ်ပြီး၊ ထိုဝင်ရောက်ဖြေဆိုမည့် အမျိုးသမီးများမှာ ပညာအရည်အချင်းအနည်းဆုံး အခြေခံပညာအထက်တန်းကျောင်း အောင်မြင်ပြီးသူဖြစ်ပြီး၊ လျှောက်ထားရာတွင် အခြေခံပညာအထက်တန်း ပြီးမြောက်ကြောင်း လက်မှက်ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့လုပ်ရမည့် လုပ်ငန်းအမျိုးအစားမှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အရည်အချင်းစစ်ပြီး (EPS-TOPIK) ၊ အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test) တို့ို ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင့် Online စနစ်ဖြင့် စာမေးလျှောက်တင်သွင်းခြင်းကို မတ်လ ၄ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ တင်သွင်း ရမည်ဖြစ်ပြီး၊ စာမေးပွဲကျင်းပမည့် နေ့ရက်ကို ဧပြီ ၁၇ ရက်တွင် ကြေညာမည်ဖြစ်ကာ ကိုရီးယားဘာသာ အရည် အချင်းစစ် စာမေးပွဲ(EPS-TOPIK) ကျင်းပခြင်းကို ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အထိ တစ်ကြိမ်၊ မေ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး၊ စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို မေ ၁၇ ရက်မှ သြ ဂုတ် ၅ ရက်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia