ကိုရီးယားနိုင်ငံအနေဖြင့် ရာသီချိန်လုပ်သားများနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားခြင်းမရှိ

PUBLISHED - December 15, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသား ရာသီချိန်လုပ်သားများနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့် ရပ်တည်ချက်များကို ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုရီးယားသံရုံးက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားများ စေလွှတ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက် စာရွက်စာတမ်းများ အင်တာနက်ပေါ်တွင် ဖြန့်ဝေနေကြပြီး အဆိုပါ အချက်အလက်များနှင့်ပတ်သက်၍ ကိုရီးယားသံရုံးနှင့် သက် ဆိုင်ခြင်းမရှိကြောင်း သိရသည်။
ယင်းအပြင် ခိုင်လုံသည့် သက်သေမရှိဘဲ ကိုရီးယားအစိုးရကို ကိုယ်စားပြုကြေညာသည့် အပြုအမူများကို အထူးသတိပေးကြောင်း ကိုရီးယားသံရုံးက သတိပေးထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံသား ရာသီချိန် လုပ်သားများ စေလွှတ်နိုင်ရေးနှင့် စပ်လျဉ်းသည့် ကြော်ငြာ များကို မြေပြင်နှင့် အွန်လိုင်းပေါ်တွင် ဆက်လက်ကြော်ငြာလျက်ရှိကြောင်း သိရသည်။ ၎င်းအပြင် ကိုရီးယား နိုင်ငံသို့ သွားရောက်ရမည်ဟုဆိုပြီး အွန်လိုင်းတွင်သာမက မြေပြင်တွင်ပါ သင်တန်းများ တက်ခိုင်းကာ သင် တန်းကြေးများ လိမ်လည်တောင်းခံနေကြောင်း သိရသည်။
#PeopleMedia