ကိုရီးယားႏွစ္ႏုိင္ငံနယ္စပ္စစ္မဲ့ဇုန္ကို စစ္တပ္ေစလႊတ္မယ္လို႔ ေျမာက္ကိုရီးယားၿခိမ္းေျခာက္

PUBLISHED - June 16, 2020
ဆိုးလ္၊ ဇြန္ ၁၆
ေတာင္နဲ႔ေျမာက္ကိုရီးယားႏွစ္ႏုိင္ငံနယ္စပ္မွာ႐ွိေနတဲ့စစ္မဲ့ဇုန္ကို ၀င္လာဖို႔အဆင္သင့္႐ွိေနတယ္လို႔ ေျမာက္ကို ရီးယားစစ္တပ္က သတိေပးလိုက္ပါတယ္။
ေတာင္ကိုရီးယားဘက္ေရာက္ေနတဲ့ေျမာက္ကိုရီးယားႏိုင္ငံကထြက္ေျပးသြားသူေတြက ေျမာက္ကိုရီးယားဘက္္ ကို ၀ါဒျဖန္႔စာေတြပို႔ေနတာကိုတံု႔ျပန္ရာမွာ အခုၿခိမ္းေျခာက္မႈကလည္း တစိတ္တပိုင္းပါ၀င္ပါတယ္။
ၿပီးခဲ့တဲ့စေန၊ တနဂၤေႏြမွာ အဆင္သင့္ျပင္ထားဖို႔ စစ္တပ္ကို အမိန္႔ေပးထားတယ္လို႔ ေျမာက္ကိုရီးယားေခါင္း ေဆာင္ကင္ဂ်ံဳအြန္ရဲ႕ညီမ ကင္ယုိဂၽြန္းက ေျပာပါတယ္။
ေ႐ွ႕တန္းကို ခံတပ္အသြင္းေျပာင္းဖို႔ အဆင္သင့္႐ွိေနၿပီး တပ္အင္အားအသင့္အေနအထားျပင္ဆင္ထားတယ္လို႔ လည္း ေျမာက္ကိုရီးယားစစ္တပ္ကေျပာပါတယ္။
မိုးပ်ံပူေဖာင္းေတြနဲ႔ နယ္စပ္ျဖတ္ၿပီးပို႔တဲ့လက္ကမ္းစာေစာင္ေတြေၾကာင့္ ကိုရီးယားႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ႐ွိ ေနတာ အခ်ိန္အေတာ္ၾကာေနပါၿပီ။
အေမရိကန္နဲ႔ပူးေပါင္းၿပီး ေျမာက္ကိုရီးယားစစ္ေရးလႈပ္႐ွားမႈေတြကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ဒီေန႔မွာ ေျပာၿပီး ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈကို ဒီေန႔မွာ ေတာင္ကိုရီးယားကာကြယ္ေရး၀န္ႀကီးဌာနက တံု႔ျပန္ ထားပါတယ္။
Ref : North Korea threatens to send army into demilitarised border zone
(unicode)
ကိုရီးယားနှစ်နိုင်ငံနယ်စပ်စစ်မဲ့ဇုန်ကို စစ်တပ်စေလွှတ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်
………………………………………………
ဆိုးလ်၊ ဇွန် ၁၆
တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာရှိနေတဲ့စစ်မဲ့ဇုန်ကို ဝင်လာဖို့အဆင်သင့်ရှိနေတယ်လို့ မြောက်ကို ရီးယားစစ်တပ်က သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားဘက်ရောက်နေတဲ့မြောက်ကိုရီးယားနိုင်ငံကထွက်ပြေးသွားသူတွေက မြောက်ကိုရီးယားဘက် ကို ဝါဒဖြန့်စာတွေပို့နေတာကိုတုံ့ပြန်ရာမှာ အခုခြိမ်းခြောက်မှုကလည်း တစိတ်တပိုင်းပါဝင်ပါတယ်။
ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေမှာ အဆင်သင့်ပြင်ထားဖို့ စစ်တပ်ကို အမိန့်ပေးထားတယ်လို့ မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျွန်းက ပြောပါတယ်။
ရှေ့တန်းကို ခံတပ်အသွင်းပြောင်းဖို့ အဆင်သင့်ရှိနေပြီး တပ်အင်အားအသင့်အနေအထားပြင်ဆင်ထားတယ်လို့ လည်း မြောက်ကိုရီးယားစစ်တပ်ကပြောပါတယ်။
မိုးပျံပူဖောင်းတွေနဲ့ နယ်စပ်ဖြတ်ပြီးပို့တဲ့လက်ကမ်းစာစောင်တွေကြောင့် ကိုရီးယားနှစ်နိုင်ငံကြားတင်းမာမှုတွေရှိ နေတာ အချိန်အတော်ကြာနေပါပြီ။
အမေရိကန်နဲ့ပူးပေါင်းပြီး မြောက်ကိုရီးယားစစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဒီနေ့မှာ ပြောပြီး မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကို ဒီနေ့မှာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန် ထားပါတယ်။
Ref : North Korea threatens to send army into demilitarised border zone