• Follow Us on
Latest News

Home ကိုလမ်ဘီယာရေငုပ်သင်္ဘောတွေအတွက် အီလက်ထရောနစ်တွန်းကန်အားစနစ်ကိရိယာတွေ ထုတ်လုပ်ပေးဖို့ လီယိုနာဒိုကုမ္ပဏီကို ဒေါ်လာ ၃ ဘီလျံတန် ကန်ထရိုက်လုပ်ငန်းအပ်နှံ

ကိုလမ်ဘီယာရေငုပ်သင်္ဘောတွေအတွက် အီလက်ထရောနစ်တွန်းကန်အားစနစ်ကိရိယာတွေ ထုတ်လုပ်ပေးဖို့ လီယိုနာဒိုကုမ္ပဏီကို ဒေါ်လာ ၃ ဘီလျံတန် ကန်ထရိုက်လုပ်ငန်းအပ်နှံ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

 

အမေရိကန်ရေတပ် ကိုလမ်ဘီယာအဆင့်ရေငုပ်သင်္ဘောတွေအတွက် အီလက်ထရောနစ်တွန်းကန်အားစနစ် အစိတ်အပိုင်းတစ်ခု ပေါင်းစည့်ထည့်သွင်းဖို့အတွက် လီယိုနာဒိုကုမ္ပဏီကို ကန်ထရိုက်လုပ်ငန်းတစ်ခုအပ်နှံ လိုက်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ဒေါ်လာ ၃ ဘီလျံတန်ကြေးရှိတဲ့ အဲဒီကန်ထရိုက်စာချုပ်အရ သံလိုက်စွမ်းအားသုံးပင်မတွန်းကန်အားအီလက် ထရောနစ်မော်တာ၊ တွန်းကန်အားမော်တာဒရိုက်၊ အဖွင့်အပိတ်စက်ခလုတ်ခုံနဲ့ တွန်းကန်အားထိန်းချုပ်မှု ကိရိ ယာတွေလို အဓိကတွန်းကန်အားစက်ပစ္စည်းအစိတ်အပိုင်းတေကို လီယိုနာဒိုကုမ္ပဏီက ဒီဇိုင်းရေးဆွဲ ထုတ် လုပ်ပေးရမှာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် ဧပြီလအတွင်းကချုပ်ဆိုခဲ့တဲ့ ဒေါ်လာ ၁ ဘီလျံတန် အလားတူကန်ထရိုက်စာချုပ်အပြီးမှာ အခုလို ဒေါ်လာ ၃ ဘီလျံတန်ကန်ထရိုက်စာချုပ်ကို ထပ်မံချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

 

လီယိုနာဒိုကုမ္ပဏီဟာ အဲဒီတွန်းကန်အားစနစ်စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး အချိန်ကြာမြင့်စွာ ရွှေ့လျားနိုင်တဲ့စွမ်းရည်နဲ့ တခြားစမ်းသပ်မှုတွေကို အမေရိကန်ရေတပ် မြေပြင်အခြေစိုက် သုတေသနဌာန တစ်ခုမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

 

ပေ ၅၆၀ (မီတာ ၁၇၀) အရှည်ရှိ ကိုလမ်ဘီယာအဆင့် ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောတွေကို လက်ရှိအသုံး ပြုနေတဲ့ အိုဟိုင်းယိုးအဆင့် ရေငုပ်သင်္ဘောတွေနေရာမှာ ဆယ်စုနှစ်အကုန် (၂၀၃၀ ပြည့်နှစ်အကုန်) မှာ အစား ထိုးသွားဖို့ လျာထားပါတယ်။

 

ကိုလမ်ဘီယာအဆင့် ရေငုပ်သင်္ဘောရဲ့ တွန်းကန်အားစနစ်ဟာ တခြားရေငုပ်သင်္ဘောတွေမှာ တပ်ဆင်ထား သတဲ့ မက္ကနီကယ်လ်တွန်းကန်အားစနစ်လိုမဟုတ်ဘဲ အီလက်ထရောနစ်တွန်းကန်အားစနစ်ဖြစ်တာကြောင့် ရန်သူ့ရေဒါတွေက ဖမ်းယူရရှိဖို့ ပိုမိုခက်ခဲတယ်လို့ ဆိုပါတယ်။

 

တန်ချိန် ၂၁,၀၀၀ နီးပါးရှိတာကြောင့် ကိုလမ်ဘီယာအဆင့်ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောဟာ တည် ဆောက်ခဲ့သမျှ အမေရိကန်ရေငုပ်သင်္ဘောတွေထဲမှာ အကြီးဆုံးရေငုပ်သင်္ဘောဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

 

စုစုပေါင်း ကိုလမ်ဘီယာအဆင့်ရေငုပ်သင်္ဘော ၁၂ စင်းတည်ဆောက်သွားမှာဖြစ်ပြီး Trident II တိုက်ချင်းပစ် ပဲ့ ထိန်းဒုံးကျည် ၁၆ စင်း တပ်ဆင်သွားမှာဖြစ်တဲ့အတွက် အိုဟိုင်းယိုးရေငုပ်သင်္ဘောထက် ဒုံးကျည် ၈ စင်းလျော့ နည်းပါတယ်။ အိုဟိုင်းယိုးအဆင့် ရေငုပ်သင်္ဘောတွေမှာတော့ ဒုံးကျည် ၂၄ စင်းတပ်ဆင်ထားပါတယ်။

 

ကိုလမ်ဘီယာအဆင့်ရေငုပ်သင်္ဘောမှာတပ်ဆင်ထားတဲ့ နျူကလီယားဓာတ်ပေါင်းဖိုသက်တမ်းဟာ ၄၂ နှစ်ရှိပြီး ၎င်းရှေ့က ရေငုပ်သင်္ဘောတွေလို ကြားကာလသက်တမ်းမှာ အဆင့်မြှင်ထိန်းသိမ်းစရာမလိုဘူးလို့ ဆိုပါတယ်။

 

Ref: Leonardo Awarded $3B Columbia Sub Propulsion Contract

 

#PeopleMedia


Share this post