ကိုးကန့်ဒေသ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို MNDAA အဖွဲ့ သိမ်းပိုက်၊ နောက်ထပ်သိမ်းစရာ ဂိတ်မကျန်တော့ဟု ဆို
PUBLISHED - December 20, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀
မြန်မာ နစက အစိုးရကို တော်လှန်ပုန်ကန်နေတဲ့ သူပုန်အဖွဲ့တွေထဲက အင်အားအကောင်းဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ MNDAA အဖွဲ့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နယ်စပ်ဂိတ်တစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၉ ရက်နေ့) က RFA ကို ပြောကြားပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ခေါ် MNDAA အဖွဲ့ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့နယ်ထဲက ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို တနင်္လာနေ့က သိမ်းပိုက်လိုက်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားသူပုန်အဖွဲ့သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ MNDAA အဖွဲ့ဟာ အောက်တိုဘာလ နှောင်းပိုင်းက စတင်ပြီး စစ်ဆင်ရေး ၁၀၂၇ လို့ အမည်ပေးထားတဲ့ ထိုးစစ်ကို စတင်ဆင်နွှဲခဲ့ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အာဏာသိမ်းခဲ့တဲ့ နစက အစိုးရအတွက် အကြီးမားဆုံးသောအခက်အခက်တွေနဲ့ ရင်ဆိုင်ရမယ့် ရှေ့တော်ပြေးနိမိတ်လို့ ဆိုပါတယ်။
တနင်္လာနေ့မနက်ပိုင်းက နယ်စပ်ဂိတ်ဘက်မှာ သေနတ်သံတွေကြားရကြောင်း လောက်ကိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တနင်္လာနေ့က ရန်လုံကျိုင်းဂိတ် မြန်မာနိုင်ငံဘက်က သေနတ်သံတွေ ဆက်တိုက်ကြားရပါတယ်။ မနက်ပိုင်းမှာ ပဲ အဲဒီဂိတ်ကို သိမ်းပိုက်လိုက်ကြတယ်။ အဲဒီဂိတ်က MNDAA တွေမသိမ်းရသေးဘဲ ကျန်နေတဲ့ တစ်ခုတည်း သောဂိတ်ပါ။ နောက်ထပ် သိမ်းဖို့ဂိတ် တစ်ခုမှ မကျန်တော့ဘူးလို့ MNDAA တွေက ပြောပါတယ်။ သေနတ်သံ တွေလည်း နောက်ထပ်မကြားရတော့ပါဘူး။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ရန်လုံကျိုင်းဂိတ်က နစက တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကတော့ လက်နက်ချလိုက်ကြ ကြောင်း နောက်ထပ် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်နက်ချလိုက်တဲ့ နစက တပ်ဖွဲ့ဝင်တွေကို MNDAA အဖွဲ့က ထောက်ပံ့ကြေးတွေပေးနေတဲ့ ဗီဒီယိုဖိုင်တွေကို တော့ လူမှုကွန်ရက်တွေပေါ်မှာ တွေ့မြင်ရပါတယ်။
ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို MNDAA သူပုန်အဖွဲ့တွေက သိမ်းပိုက်လိုက်ပြီဆိုတာကို ရှမ်းပြည်နယ်အခြေစိုက် သ တင်းမီဒီယာတွေကလည်း ရေးသားဖော်ပြထားကြပါတယ်။
MNDAA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝန်နဲ့ RFA က အင်္ဂါနေ့က ကြိုးစားဆက်သွယ်ပေမဲ့ အခုသတင်းရေးသား ထုတ်လွှင့်တဲ့အချိန်အထိ လက်ခံဖြေဆိုခြင်းမရှိသလို နစက အစိုးရကလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီးတစ်စုံတရာ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။
Ref: Anti-junta forces capture Myanmar border crossing gate
#PeopleMedia