• Follow Us on

Home ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးအား တရုတ်သို့ လွှဲပြောင်းပေးအပ်

ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးအား တရုတ်သို့ လွှဲပြောင်းပေးအပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်း ဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ နှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင် ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံက နိုင်ငံ ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံရေးနှင့်တည်ငြိမ်မှုကို ထိန်း သိမ်းသည့် ပြတ်သားသောသန္နိဋ္ဌာန်ချက်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့်အဝထင်ဟပ်စေကြောင်း ထုတ်ပြန် ထားသည်။

 

ကနဦးကာလ အဆက်မပြတ်တိုက်ဖျက်မှုကြောင့် လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄,၀၀၀ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ၎င်းတို့ အနက် နောက်ကွယ်မှ ငွေကြေးထောက်ပံ့သူ၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံများ ၁၇၁ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post