• Follow Us on

Home ကိုးကန့် BP (၁၂၅) စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်ပြည်သူများ ၁၅၀၀၀ ကျော်အထိရှိလာ

ကိုးကန့် BP (၁၂၅) စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်ပြည်သူများ ၁၅၀၀၀ ကျော်အထိရှိလာ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၉

 

ကိုးကန့်နယ်စပ်မျဉ်းမိုင်တိုင် ၁၂၅ စစ်ဘေးရှောင်စခန်းတွင် နိုဝင်ဘာလ ၈ရက် ထိ စစ်ဘေးရှောင်ပြည်သူ ၁၅၅၈၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

စစ်ဘေးရှောင်စခန်းအတွင်းရှိ ပြည်သူများ၏ လူမှုဘဝ အဆင်ပြေစွာနေထိုင်နိုင်စေရန်အတွက် ဒေသအသီး သီးမှ ပရဟိတအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်း များ၊ စေတနာရှင်ပြည်သူများဖြင့် ဖွဲ့စည်းထားသည် စေတနာ့ဝန်ထမ်း (၂၀၀) ကျော်သည် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

စစ်ဘေးရှောင်စခန်းအတွင်းရှိ ပြည်သူများအဆက်မပြတ်တိုးများလာသည်နှင့်အမျှ သောက်သုံးရေပြတ်လပ်မှု သည် အခက်အခဲတစ်ခုအဖြစ် ရှိနေသေးသည်။ စစ်ဘေးရှောင်စခန်းအတွင်းတွင် သောက်သုံးရေနှင့် မီး သတ်တပ်ဖွဲ့မှ နေ့စဉ်ရေပေးဝေနေသော်လည်း လက်ရှိ စစ်ဘေးရှောင်ပြည်သူ (၁၅၀၀၀) ကျော်၏ သောက် သုံးရေ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးကြောင်း သိရသည်။

 

ကုမ္ပဏီအချို့သည် စစ်ဘေးရှောင်စခန်းအတွင်း အရေးပေါ် လိုအပ်နေသူများအတွက် ယာယီတဲများ ဆောက်လုပ်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဘေးရှောင်စခန်းအတွင်း၌ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်နှင့် နေ့စဉ်သုံးပစ္စည်းများ ရောင်းချသည့် ဆိုင်များ အဆက်မပြတ်တိုးများလျက်ရှိရာ စစ် ဘေးရှောင်စခန်းအတွင်း ကုန်ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။

 

နိုဝင်ဘာလ (၇) ရက် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းကို တိုးချဲ့ဖွင့်လှစ်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြရာ စစ်ဘေးရှောင်ပြည်သူ (၁၀၀) ကျော် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်ခိုလှုံလာကြောင်း၊ ယခု အချိန်တွင် ရန်လုံကျိုင်းစစ်ဘေးရှောင် စခန်း၊ BP (၁၂၅) စစ်ဘေးရှောင်စခန်းစသည့်နေရာတို့တွင် ဒေသ အတွင်း ကျေးရွာအုပ်စု၊ ကျေးရွာနှင့် ဒေသပြင်ပမှ စစ်ဘေးသင့်ပြည်သူများကို လက်ခံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post