• Follow Us on

Home ကိုးပင်-သဂရကားလမ်းဘေးရှိ ဈေးဆိုင်များအား PDF မှ ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါးပျံလွန်တော်ပြီး အမျိုးသမီး ၁ ဦး သေဆုံး

ကိုးပင်-သဂရကားလမ်းဘေးရှိ ဈေးဆိုင်များအား PDF မှ ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါးပျံလွန်တော်ပြီး အမျိုးသမီး ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃

 

ကိုးပင်-သဂရကားလမ်းဘေးရှိ ဈေးဆိုင်များအား ယမန်နေ့ ည ၈ နာရီခွဲအချိန်က PDF အဖွဲ့များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

 

ဖြစ်စဉ်မှာ လယ်ဝေးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ ထိစပ်နေသော ကိုးပင်-သဂရ ကား လမ်းမိုင်တိုင် အမှတ် (၅၀) မိုင်တွင် နိုဝင်ဘာလ ၂ရက်နေ့ ညပိုင်းက PDF အကြမ်းဖက်အဖွဲ့များသည် ဆိုင် ကယ်များဖြင့် လာရောက်ပြီး ကားလမ်း၏ မြောက်ဘက်ခြမ်း လမ်းဘေးရှိဈေးဆိုင်ခန်းများအား သေနတ်ဖြင့် လာရာက်ပစ်ခတ်ခဲ့သဖြင့် ဈေးဆိုင်သို့ အလည်ရောက်နေသူ တောင်တွင်းကြီးမြို့နယ် ပွေးစားခင်းကျေးရွာ ဘုရားလေးကျောင်း ကျောင်းထိုင်ဆရာ‌တော် ဥူးခေမိန္ဒ၊ သက်တော် ၃၈ နှစ် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ပြီး၊ တောင်တွင်းကြီးမြို့နယ် ထန်းပင်တဲ‌ကျေးရွာနေ ဈေးဆိုင်ပိုင်ရှင် ဒေါ်ပြည့် ၅၅ နှစ်သည် လည်း ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post