ကို႐ိုနာတိုက္ဖ်က္ေရးစစ္ပြဲ သမၼတ ေဒၚနယ္ထရမ့္ေၾကညာ အီတလီ၌ ကို႐ိုနာေၾကာင့္ တစ္ရက္အတြင္း လူ ၅၀၀ နီးပါး ေသဆုံး

PUBLISHED - March 19, 2020
၂၀၂၀၊ မတ္ ၁၉
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္မည့္ စီမံခ်က္အသစ္အျဖစ္ေရာဂါ တိုက္ဖ်က္ေရးစစ္ပြဲ ေၾကညာခ်ိန္ အီတလီ၌ ကို႐ိုနာေၾကာင့္ ေနာက္ထပ္ လူ ၅၀၀ နီးပါး ေသဆုံးခဲ့သည္။
ထိုပမာဏသည္ တစ္ရက္အတြင္း လူအမ်ားဆုံးေသဆုံးမႈျဖစ္ေၾကာင္း အီတလီႏိုင္ငံက ေၾကညာခဲ့သည္။
တစ္ကမၻာလုံးတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၀၀၀၀၀ ေက်ာ္လာခဲ့ၿပီး အစိုးရမ်ားက ကန္႔သတ္ထိန္းခ်ဳပ္ မႈ စီမံခ်က္မ်ား ေၾကညာခဲ့ကာ အေမရိကန္ကြန္ဂရက္က ေဒၚလာ ၁၀၀ ဘီလီယံ အေရးေပၚကယ္ဆယ္ေရး အစီအစဥ္ အတည္ျပဳခဲ့သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က စစ္ေဆး႐ုံသေဘၤာမ်ား ျဖန္႔က်က္မႈကို ေၾကညာခဲ့သလို ဂ်ာမနီအဓိပတိ အိန္ဂ်လာမာကယ္လ္က ျပည္သူမ်ားသို႔ ေမတၱာရပ္ခံခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့သည္။
“ဒုတိယကမၻာစစ္ေနာက္ပိုင္း စုေပါင္းစည္းလုံးညီၫြတ္မႈအေပၚ မ်ားစြာမူတည္ေနတဲ့ စိန္ေခၚမႈတစ္ရပ္ ဂ်ာမနီ ႏိုင္ငံက ႀကဳံေတြ႕ခဲ့ရပါတယ္” ဟု အဓိပတိမာကယ္လ္က ႐ုပ္သံမိန္႔ခြန္းတစ္ခုအတြင္း ေျပာၾကားခဲ့သည္။
တစ္ကမၻာလုံးတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈမ်ား၏ သုံးပုံတစ္ပုံေက်ာ္မွာ အီတလီႏိုင္ငံတြင္ျဖစ္ၿပီး ကမၻာ တစ္ဝန္း ပ်ံ႕ႏွံ႔သြားခဲ့သည့္ လုပ္ေဆာင္ခ်က္မ်ားျဖစ္သည့္ စီးပြားေရးလုပ္ငန္းမ်ား၊ လူစုေဝးမႈမ်ားအားလုံး ပိတ္ သိမ္းခဲ့သည္။
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးအရ ထိခိုက္မႈမ်ားထိန္းခ်ဳပ္ရန္ ဥေရာပဗဟိုဘဏ္က ယူ႐ို ၇၅၀ ဘီလီယံ ေခ်းေငြစာခ်ဳပ္မ်ား ဝယ္ယူေရးအစီအစဥ္ ေၾကညာၿပီးေနာက္ ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္လ္ေမခရြန္က ဥ ေရာပဇုန္အတြင္း ေငြေၾကးအရ စည္းလုံးညီၫြတ္ရန္ ေတာင္းဆိုေၾကာင္း တြစ္တာ၌ ေရးသားခဲ့သည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ကမူ မတူညီေသာ နည္းလမ္းတစ္ရပ္ကို ကနဦး ေရြးခ်ယ္ခဲ့ၿပီး မတ္လ ၂၀ ရက္မွစ၍ တစ္တိုင္းျပည္လုံးရွိ စာသင္ေက်ာင္းမ်ားပိတ္ေၾကာင္း ေျပာၾကားသည္။
ဘာသာျပန္ – ေက်ာ္ထိုက္စိုး
Ref; Italy virus deaths hit record as Trump goes on war footing
(Unicode)
ကိုရိုနာတိုက်ဖျက်ရေးစစ်ပွဲ သမ္မတ ဒေါ်နယ်ထရမ့်ကြေညာ
အီတလီ၌ ကိုရိုနာကြောင့် တစ်ရက်အတွင်း လူ ၅၀၀ နီးပါး သေဆုံး
……………………………………………………………………..
၂၀၂၀၊ မတ် ၁၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်မည့် စီမံချက်အသစ်အဖြစ်ရောဂါ တိုက်ဖျက်ရေးစစ်ပွဲ ကြေညာချိန် အီတလီ၌ ကိုရိုနာကြောင့် နောက်ထပ် လူ ၅၀၀ နီးပါး သေဆုံးခဲ့သည်။
ထိုပမာဏသည် တစ်ရက်အတွင်း လူအများဆုံးသေဆုံးမှုဖြစ်ကြောင်း အီတလီနိုင်ငံက ကြေညာခဲ့သည်။
တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀၀၀၀ ကျော်လာခဲ့ပြီး အစိုးရများက ကန့်သတ်ထိန်းချုပ် မှု စီမံချက်များ ကြေညာခဲ့ကာ အမေရိကန်ကွန်ဂရက်က ဒေါ်လာ ၁၀၀ ဘီလီယံ အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ် အတည်ပြုခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ဆေးရုံသင်္ဘောများ ဖြန့်ကျက်မှုကို ကြေညာခဲ့သလို ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ်က ပြည်သူများသို့ မေတ္တာရပ်ခံချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
“ဒုတိယကမ္ဘာစစ်နောက်ပိုင်း စုပေါင်းစည်းလုံးညီညွတ်မှုအပေါ် များစွာမူတည်နေတဲ့ စိန်ခေါ်မှုတစ်ရပ် ဂျာမနီ နိုင်ငံက ကြုံတွေ့ခဲ့ရပါတယ်” ဟု အဓိပတိမာကယ်လ်က ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများ၏ သုံးပုံတစ်ပုံကျော်မှာ အီတလီနိုင်ငံတွင်ဖြစ်ပြီး ကမ္ဘာ တစ်ဝန်း ပျံ့နှံ့သွားခဲ့သည့် လုပ်ဆောင်ချက်များဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ လူစုဝေးမှုများအားလုံး ပိတ် သိမ်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအရ ထိခိုက်မှုများထိန်းချုပ်ရန် ဥရောပဗဟိုဘဏ်က ယူရို ၇၅၀ ဘီလီယံ ချေးငွေစာချုပ်များ ဝယ်ယူရေးအစီအစဉ် ကြေညာပြီးနောက် ပြင်သစ်သမ္မတ အီမန်နျူရယ်လ်မေခရွန်က ဥ ရောပဇုန်အတွင်း ငွေကြေးအရ စည်းလုံးညီညွတ်ရန် တောင်းဆိုကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကမူ မတူညီသော နည်းလမ်းတစ်ရပ်ကို ကနဦး ရွေးချယ်ခဲ့ပြီး မတ်လ ၂၀ ရက်မှစ၍ တစ်တိုင်းပြည်လုံးရှိ စာသင်ကျောင်းများပိတ်ကြောင်း ပြောကြားသည်။
ဘာသာပြန် – ကျော်ထိုက်စိုး
Ref; Italy virus deaths hit record as Trump goes on war footing
#PeopleMedia