ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ အ႐ွိန္ျမင့္တက္ေနေၾကာင္း W.H.O သတိေပး
PUBLISHED - March 24, 2020
ဂ်ိီနီဗာ၊ မတ္ – ၂၄
ကူးစက္ခံရသူ ၃ သိန္းေက်ာ္လာခ်ိန္တြင္ ကို႐ိုနာဗိ္ုင္းရပ္စ္ကမာၻ႕ကပ္ေရာဂါ အ႐ွိန္ျမင့္တက္ေနေၾကာင္း ကမာၻ႔ က်န္းမာေရးအဖြဲ႔ (W.H.O)က သတိေပးသည္။
ကူးစက္ခံရသူ ၁ သိန္းျပည့္ရန္ ၆၇ ရက္ၾကာခဲ့ၿပီး ေနာက္ထပ္ တစ္သိန္းျပည့္ရန္ ၁၁ ရက္ၾကာသည့္အျပင္ ေနာက္ဆံုးတစ္သိန္းထပ္ျပည့္ရန္ ၄ ရက္သာၾကာခဲ့သည္။
သို႔ေသာ္ အျဖစ္ဆိုးကို ေျပာင္းလဲရန္ျဖစ္ႏိုင္ေသးေၾကာင္း W.H.O ၫႊန္ၾကားေရးမွဴး ေဒါက္တာတက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီယီစပ္စ္ကေျပာသည္။
အလြန္အကၽြံႏွံ႔ႏွံ႔စပ္စပ္စစ္ေဆးရန္ႏွင့္ ထိေတြ႕မႈမ်ားကို ေျခရာခံသည့္မဟာဗ်ဴဟာမ်ားအသံုးျပဳရန္လည္း ႏိုင္ငံမ်ားကို တိုက္တြန္းခဲ့သည္။
“အေရးအႀကီးဆံုးကေတာ့ ကၽြန္ေတာ္တို႔ဘာလုပ္သလဲဆိုတာပဲ။ ေဘာလံုးပြဲတစ္ပြဲမွာ ခံစစ္ပဲေဆာ့ေနရင္ ႏိုင္မွာမဟုတ္ဘူးေလ။ တိုက္စစ္လည္းေဆာ့ရမွာပဲ”ဟု ေဒါက္တာတက္ဒ႐ို႕စ္က ေဘာလံုးပြဲႏွင့္ နမူနာေပးၿပီး ႐ွင္းျပသည္။
ယေန႔မနက္အထိစာရင္းမ်ားအရ ကမာၻတ၀န္းတြင္ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၃၈၁၇၄၄ ေယာက္ ႐ွိေနၿပီး ေသဆံုးသူ ၁၆၅၅၈ ေယာက္႐ွိသည္။ ျပန္သက္သာလာသူ ၁၀၂၄၂၉ ေယာက္႐ွိလာေၾကာင္းလည္း worldometers.info ၀က္ဆိုက္၏အခ်က္အလက္မ်ားအရသိရသည္။
Ref : Coronavirus: Pandemic is ‘accelerating’, WHO warns as cases pass 300,000
#PeopleMedia #CoronaVirus #PandemicAccelerate
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အရှိန်မြင့်တက်နေကြောင်း W.H.O သတိပေး
………………………………………………………
ဂျိီနီဗာ၊ မတ် – ၂၄
ကူးစက်ခံရသူ ၃ သိန်းကျော်လာချိန်တွင် ကိုရိုနာဗိ်ုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ အရှိန်မြင့်တက်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (W.H.O)က သတိပေးသည်။
ကူးစက်ခံရသူ ၁ သိန်းပြည့်ရန် ၆၇ ရက်ကြာခဲ့ပြီး နောက်ထပ် တစ်သိန်းပြည့်ရန် ၁၁ ရက်ကြာသည့်အပြင် နောက်ဆုံးတစ်သိန်းထပ်ပြည့်ရန် ၄ ရက်သာကြာခဲ့သည်။
သို့သော် အဖြစ်ဆိုးကို ပြောင်းလဲရန်ဖြစ်နိုင်သေးကြောင်း W.H.O ညွှန်ကြားရေးမှူး ဒေါက်တာတက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီစပ်စ်ကပြောသည်။
အလွန်အကျွံနှံ့နှံ့စပ်စပ်စစ်ဆေးရန်နှင့် ထိတွေ့မှုများကို ခြေရာခံသည့်မဟာဗျူဟာများအသုံးပြုရန်လည်း နိုင်ငံများကို တိုက်တွန်းခဲ့သည်။
“အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဘာလုပ်သလဲဆိုတာပဲ။ ဘောလုံးပွဲတစ်ပွဲမှာ ခံစစ်ပဲဆော့နေရင် နိုင်မှာမဟုတ်ဘူးလေ။ တိုက်စစ်လည်းဆော့ရမှာပဲ”ဟု ဒေါက်တာတက်ဒရို့စ်က ဘောလုံးပွဲနှင့် နမူနာပေးပြီး ရှင်းပြသည်။
ယနေ့မနက်အထိစာရင်းများအရ ကမ္ဘာတဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၁၇၄၄ ယောက် ရှိနေပြီး သေဆုံးသူ ၁၆၅၅၈ ယောက်ရှိသည်။ ပြန်သက်သာလာသူ ၁၀၂၄၂၉ ယောက်ရှိလာကြောင်းလည်း worldometers.info ဝက်ဆိုက်၏အချက်အလက်များအရသိရသည်။
Ref : Coronavirus: Pandemic is ‘accelerating’, WHO warns as cases pass 300,000