
PUBLISHED - September 10, 2020
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြန့်ချိရန် လေယာဉ်အကြီးစားအစင်း ၈၀၀၀ လိုအပ်နေဟု IATA ပြော
…………………………………………………
မွန်ထရီရယ်၊ စက်တင်ဘာ ၁၀
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာတဝန်းဖြန့်ချိမှုသည် ကမ္ဘာ့အကြီးဆုံးသယ်ယူပို့ဆောင်ရေးစိန်ခေါ်မှု ဖြစ်သည်ဟု လေကြောင်းလုပ်ငန်းကဏ္ဍကပြောသည်။
ဘိုးအင်း ၇၄၇ လေယာဉ်အစင်း ၈၀၀၀ နှင့်ညီမျှသောလေယာဉ်ခရီးစဉ်များလိုအပ်သည်ဟု နိုင်ငံတ ကာ လေကြောင်းပို့ဆောင်ရေးအသင်း IATA ကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမရှိသေးသော်လည်း လေကြောင်းလိုင်းများ၊ လေဆိပ်များ၊ ကမ္ဘာ့ကျန်းမာ ေရးဆိုင်ရာအဖွဲ့များနှင့် ဆေးဝါးလုပ်ငန်းများနှင့် ကမ္ဘာအနှံ့လေကြောင်းပို့ဆောင်ရေးအစီအစဉ်များ ကို ဆွေးနွေးနေသည်။
ဖြန့်ချိရေးအစီအစဉ်သည် လူတစ်ယောက်လျှင် ဆေးတစ်ကြိမ်သာထိုးမည်ဟု ယူဆထားသည်။
လေကြောင်း လိုင်းများက ခရီးသည်တင်လေကြောင်းခရီးစဉ်များဆိုးဆိုးရွားရွားအထိနာနေချိန်တွင် ကုန်စည်များ ပို့ဆောင်ရန် လေကြောင်းလိုင်းများကဦးတည်နေကြချိန်တွင် ကာကွယ်ဆေးများပို့ဆောင်ခြင်းက ပို၍ပို၍ရှုပ် ထွေးသည်။
၂-၈ ဒီဂရီဆဲလ်စီးယက်စ်အတွင်း စံအပူချိန်ကိုလိုအပ်သဖြင့် လေယာဉ်အားလုံးသည် ကာကွယ်ဆေးများဖြန့်ချိ ရန် မသင့်လျော်ချေ။
အချို့သောကာကွယ်ဆေးများက ရေခဲသည့်အပူချိန်အထိလိုအပ်သဖြင့် ဖယ်ထုတ်ရမည့်လေယာဉ်ပို များနိုင်သည်။
ကမ္ဘာတဝန်းတွင် ကာကွယ်ဆေးအမျိုး ၁၄၀ ခန့် အစောပိုင်းစမ်းသပ်မှုများလုပ်နေပြီး နှစ်ဒါဇင်ခန့်ကို လူသားများတွင်စမ်းသပ်နေသည်။
Ref : Covid vaccine: 8,000 jumbo jets needed to deliver doses globally, says IATA