ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအသံုးျပဳခြင့္ေပးရန္ ဖီဇာကုမၸဏီေလွ်ာက္ထား

PUBLISHED - November 21, 2020
နယူးေယာက္၊ ႏို၀င္ဘာ ၂၁
ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအတြက္ အေမရိကန္အစိုးရထံ အေရးေပၚအသံုးျပဳခြင့္(EUA) ေလွ်ာက္ထား လိုက္သည္ဟု ဖီဇာကုမၸဏီက ေသာၾကာေန႔တြင္ေျပာသည္။
အေမရိကန္အစားအစာႏွင့္ေဆးဝါးႀကီးၾကပ္ကြပ္ကဲမႈဌာန(FDA)ထံေလွ်ာက္ထားမႈသည္ ထိုကာကြယ္ေဆးကို ပူးတြဲထုတ္လုပ္ေနသည့္ အေမရိကန္ေဆးကုမၸဏီ ဖီဇာႏွင့္ ဂ်ာမနီေဆးကုမၸဏီ ဘိုင္အိုအန္တက္ခ္တို႔၏ စမ္း သပ္အသံုးျပဳမႈေနာက္ဆံုးရလဒ္မ်ားက ၉၅ ရာခိုင္ႏႈန္းအစြမ္းထက္ေနေၾကာင္းျပသၿပီး ရက္ပိုင္းအၾကာတြင္ျပဳ လုပ္ျခင္းျဖစ္သည္။
ဒီဇင္ဘာလလယ္တြင္ ခြင့္ျပဳခ်က္ရမည္ဟုေမွ်ာ္လင့္ေနၿပီး ရပါက ခ်က္ခ်င္းနီးပါးပို႔ေဆာင္ႏိုင္ရန္ျပင္ဆင္ထား သည္ဟု ကုမၸဏီမ်ားကေျပာသည္။
FDA အႀကံေပးေကာ္မတီက ဒီဇင္ဘာ ၈ ရက္မွ ၁၀ ရက္အထိ ကာကြယ္ေဆးႏွင့္ပတ္သက္၍ ေဆြးေႏြးမည္ ျဖစ္ေၾကာင္း၊ ရက္မ်ားေျပာင္းလဲႏိုင္ေၾကာင္း အေျခအေနႏွင့္နီးစပ္သူတေယာက္က ႐ိုက္တာသတင္းေအဂ်င္စီကို ေျပာသည္။
ကာကြယ္ေဆး၏ေနာက္ဆံုးရလဒ္မ်ားသည္ အသက္အ႐ြယ္ႏွင့္လူမ်ိဳးအမ်ိဳးမ်ိဳးကို တူညီသည့္ပမာဏျဖင့္ ကာကြယ္ေပးႏိုင္ေၾကာင္းလည္း ေနာက္ဆံုးရလဒ္မ်ားအရသိရသည္။
မၾကာမီ ကာကြယ္ေဆးမ်ားရႏိုင္သည္ဟူသည့္သတင္းေၾကာင့္ ဖီဇာကုမၸဏီ၏႐ွယ္ယာတန္ဖိုး ၂ ရာခိုင္ႏႈန္းႏွင့္ ဘိုင္အိုအန္တက္ခ္ကုမၸဏီ႐ွယ္ယာတန္ဖိုးမ်ား ၅ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သည္။
Ref : Pfizer applies for US emergency use for COVID-19 vaccine
#PeopleMedia
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအသုံးပြုခွင့်ပေးရန် ဖီဇာကုမ္ပဏီလျှောက်ထား
……………………………………..
နယူးယောက်၊ နိုဝင်ဘာ ၂၁
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် အမေရိကန်အစိုးရထံ အရေးပေါ်အသုံးပြုခွင့်(EUA) လျှောက်ထား လိုက်သည်ဟု ဖီဇာကုမ္ပဏီက သောကြာနေ့တွင်ပြောသည်။
အမေရိကန်အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန(FDA)ထံလျှောက်ထားမှုသည် ထိုကာကွယ်ဆေးကို ပူးတွဲထုတ်လုပ်နေသည့် အမေရိကန်ဆေးကုမ္ပဏီ ဖီဇာနှင့် ဂျာမနီဆေးကုမ္ပဏီ ဘိုင်အိုအန်တက်ခ်တို့၏ စမ်း သပ်အသုံးပြုမှုနောက်ဆုံးရလဒ်များက ၉၅ ရာခိုင်နှုန်းအစွမ်းထက်နေကြောင်းပြသပြီး ရက်ပိုင်းအကြာတွင်ပြု လုပ်ခြင်းဖြစ်သည်။
ဒီဇင်ဘာလလယ်တွင် ခွင့်ပြုချက်ရမည်ဟုမျှော်လင့်နေပြီး ရပါက ချက်ချင်းနီးပါးပို့ဆောင်နိုင်ရန်ပြင်ဆင်ထား သည်ဟု ကုမ္ပဏီများကပြောသည်။
FDA အကြံပေးကော်မတီက ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း၊ ရက်များပြောင်းလဲနိုင်ကြောင်း အခြေအနေနှင့်နီးစပ်သူတယောက်က ရိုက်တာသတင်းအေဂျင်စီကို ပြောသည်။
ကာကွယ်ဆေး၏နောက်ဆုံးရလဒ်များသည် အသက်အရွယ်နှင့်လူမျိုးအမျိုးမျိုးကို တူညီသည့်ပမာဏဖြင့် ကာကွယ်ပေးနိုင်ကြောင်းလည်း နောက်ဆုံးရလဒ်များအရသိရသည်။
မကြာမီ ကာကွယ်ဆေးများရနိုင်သည်ဟူသည့်သတင်းကြောင့် ဖီဇာကုမ္ပဏီ၏ရှယ်ယာတန်ဖိုး ၂ ရာခိုင်နှုန်းနှင့် ဘိုင်အိုအန်တက်ခ်ကုမ္ပဏီရှယ်ယာတန်ဖိုးများ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
Ref : Pfizer applies for US emergency use for COVID-19 vaccine
#PeopleMedia