
PUBLISHED - June 17, 2020
လန်ဒန်၊ ဇွန် ၁၇
#PeopleMedia
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို အသက်ကယ်နိုင်တဲ့ဆေး ဗြိတိန်ပညာရှင်တွေစမ်းသပ်တွေ့ရှိ
………………………………………………
လန်ဒန်၊ ဇွန် ၁၇
ဈေးသက်သာပြီး လွယ်လွယ်ရတဲ့ဆေးတစ်မျိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန်ဖျားနာနေတဲ့လူနာ တွေရဲ့ အသက်ကို ကယ်တင်နိုင်ပါပြီ။
ပမာဏနည်းနည်းအသုံးပြုရတဲ့ စတီးရွိုက်ကုထုံး dexamethasone ဟာ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ရာမှာ အခက် အခဲကနေ ပထမဆုံးအောင်မြင်မှုလို့ ဗြိတိန်ကျွမ်းကျင်သူတွေကပြောပါတယ်။
ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကိုကုသရာမှာ အလုပ်ဖြစ်သလားဆိုတာ ရှိပြီးသားကုထုံးတွေကို ကမ္ဘာ့အကြီးဆုံး စမ်းသပ်ကုသမှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
အသက်ရှုစက်သုံးနေရတဲ့လူနာ ၃ ပုံ ၁ ပုံကို ဗိုင်းရပ်စ်ကြောင့် မသေဆုံးအောင်ကာကွယ်နိုင်ပြီး အောက်ဆီဂျင် စက်သုံးနေရတဲ့သူတွေကိုတော့ ၅ ပုံ ၁ ပုံလျှော့ချပေးနိုင်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါစဖြစ်ကတည်းက ဗြိတိန်မှာ အဲဒီဆေးကိုအသုံးပြုပြီးကုသခဲ့မယ်ဆိုရင် လူ ၅၀၀၀ လောက်အထိ သေဆုံးဖို့မရှိလောက်ဘူးလို့ သုတေသီတွေကပြောပါတယ်။
ဒါ့အပြင် ဒီဆေးဟာ COVID-19 ကူးစက်ခံရသူများနေတဲ့ဆင်းရဲတဲ့နိုင်ငံမှာလည်း အကြီးအကျယ်အကျိုးဖြစ် ထွန်းနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
မှတ်မှတ်သားသားရှိတဲ့ ဗြိတိန်သိပ္ပံပညာအောင်မြင်မှုတစ်ရပ်ကို အောင်ပွဲခံဖို့ အမှန်တကယ်ဖြစ်ရပ်တစ်ခုဆိုပြီး ဗြိတိန်ဝန်ကြီးချုပ်ဘိုးရစ်ဂျွန်ဆင်ကပြောပါတယ်။
Ref : Coronavirus: Dexamethasone proves first life-saving drug
#PeopleMedia