ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား ေျခရာခံရန္ စစ္ဘက္တပ္ဖြဲ႕ဝင္မ်ား စပိန္ ျဖန္႔ ၾကက္မည္

PUBLISHED - August 27, 2020
ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၆
တိုင္းျပည္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ျပန္လည္ျမႇင့္တက္လာမႈေၾကာင့္ ဗိုင္းရပ္စ္တိုက္ဖ်က္ရန္ တပ္ဖြဲ႕ဝင္ ၂၀၀၀ စုေဆာင္းမည္ဟု စပိန္အစိုးရက ေျပာၾကားခဲ့သည္။
တပ္ဖြဲ႕ဝင္ရွားပါးမႈ ေျဖရွင္းရန္အတြက္ စစ္သားမ်ားကို စည္း႐ုံးမည္ျဖစ္ေၾကာင္း စပိန္ဝန္ႀကီးခ်ဳပ္ ပက္ဒ႐ိုဆန္း ခ်က္ဇ္က ဩဂုတ္ ၂၅ရက္ေန႔တြင္ သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။
ေရာဂါျဖစ္ပြားသူမ်ား၏ အဆက္အသြယ္မ်ားကို ေျခရာခံျခင္းလုပ္ငန္းစဉ္၊ ကူးစက္ခံရသူမ်ားႏွင့္ အနီးကပ္ထိ ေတြ႕ သူမ်ား ေဖာ္ထုတ္ရာတြင္ အဆိုပါတပ္ဖြဲ႕ဝင္မ်ားက ပါဝင္ရမည္ျဖစ္သည္။
ေဒသႏၲရအစိုးရမ်ားအေနျဖင့္ ယခုအခ်ိန္မွစ၍ ခက္ခဲေသာအစီအမံမ်ား ခ်မွတ္ႏိုင္စြမ္းလည္း ရွိလိမ့္မည္ျဖစ္ ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
လိုအပ္လ်င္ ျပည္သူမ်ားသြားလာမႈကန္႔သတ္ရန္ ဗဟိုအစိုးရက ေဒသႏၲရအာဏာပိုင္မ်ားကို ခြင့္ျပဳမည္ဟု ၄င္းက ဆိုသည္။ စပိန္ႏိုင္ငံက ဗိုင္းရပ္စ္ဒုတိယလႈိင္းျဖစ္ေပၚမႈကို ရပ္တန္႔ပစ္ရမည္ျဖစ္ေၾကာင္း သူက ေျပာၾကားခဲ့သည္။
စပိန္ႏိုင္ငံအေနျဖင့္ တစ္ရက္ထက္တစ္ရက္ ေရာဂါျဖစ္ပြားမႈႏႈန္းမွာ က်ဆင္းလာလ်က္ရွိေသာ္လည္း ဇူလိုင္လ တြင္ မက္ဒရစ္ႏွင့္အေရွ႕ေျမာက္ပိုင္းကာတာလိုနီးယားျပည္နယ္တို႔တြင္ ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျပန္လည္ျဖစ္ေပၚ ခဲ့သည္။
ဩဂုတ္လအလယ္ပိုင္းမွစၿပီး ကူးစက္မႈသစ္မွာ ၃၀၀၀အထိ ေရာက္ရွိသြားခဲ့သည္။ စက္တင္ဘာလတြင္ စတင္ မည့္ စာသင္ႏွစ္သစ္မတိုင္မီ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈထိန္းခ်ဳပ္ရန္ စပိန္အစိုးရက စိတ္ပိုင္းျဖတ္ထားသည္။
ကိုးကား – အင္န္အိတ္ခ်္ေက
Ref; Spain to deploy troops to trace infections
#PeopleMedia
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ခြေရာခံရန် စစ်ဘက်တပ်ဖွဲ့ဝင်များ စပိန် ဖြန့် ကြက်မည်
………………………………………………
နိုင်ငံတကာ၊ ဩဂုတ် ၂၆
တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြှင့်တက်လာမှုကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရန် တပ်ဖွဲ့ဝင် ၂၀၀၀ စုဆောင်းမည်ဟု စပိန်အစိုးရက ပြောကြားခဲ့သည်။
တပ်ဖွဲ့ဝင်ရှားပါးမှု ဖြေရှင်းရန်အတွက် စစ်သားများကို စည်းရုံးမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်း ချက်ဇ်က ဩဂုတ် ၂၅ရက်နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ရောဂါဖြစ်ပွားသူများ၏ အဆက်အသွယ်များကို ခြေရာခံခြင်းလုပ်ငန်းစဉ်၊ ကူးစက်ခံရသူများနှင့် အနီးကပ်ထိ တွေ့ သူများ ဖော်ထုတ်ရာတွင် အဆိုပါတပ်ဖွဲ့ဝင်များက ပါဝင်ရမည်ဖြစ်သည်။
ဒေသန္တရအစိုးရများအနေဖြင့် ယခုအချိန်မှစ၍ ခက်ခဲသောအစီအမံများ ချမှတ်နိုင်စွမ်းလည်း ရှိလိမ့်မည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လိုအပ်လျင် ပြည်သူများသွားလာမှုကန့်သတ်ရန် ဗဟိုအစိုးရက ဒေသန္တရအာဏာပိုင်များကို ခွင့်ပြုမည်ဟု ၄င်းက ဆိုသည်။ စပိန်နိုင်ငံက ဗိုင်းရပ်စ်ဒုတိယလှိုင်းဖြစ်ပေါ်မှုကို ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
စပိန်နိုင်ငံအနေဖြင့် တစ်ရက်ထက်တစ်ရက် ရောဂါဖြစ်ပွားမှုနှုန်းမှာ ကျဆင်းလာလျက်ရှိသော်လည်း ဇူလိုင်လ တွင် မက်ဒရစ်နှင့်အရှေ့မြောက်ပိုင်းကာတာလိုနီးယားပြည်နယ်တို့တွင် ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ် ခဲ့သည်။
ဩဂုတ်လအလယ်ပိုင်းမှစပြီး ကူးစက်မှုသစ်မှာ ၃၀၀၀အထိ ရောက်ရှိသွားခဲ့သည်။ စက်တင်ဘာလတွင် စတင် မည့် စာသင်နှစ်သစ်မတိုင်မီ ဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရန် စပိန်အစိုးရက စိတ်ပိုင်းဖြတ်ထားသည်။
ကိုးကား – အင်န်အိတ်ခ်ျကေ
Ref; Spain to deploy troops to trace infections
#PeopleMedia