ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁ သန္းေက်ာ္သည့္ ၅ ႏိုင္ငံေျမာက္ အာဂ်င္တီးနားျဖစ္လာ

PUBLISHED - October 20, 2020
ေဘြႏိုေအရိစ္၊ ေအာက္တိုဘာ ၂၀
အာဂ်င္တီးနာႏိုင္ငံသည္ ကမာၻတြင္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁ သန္းျပည့္သည့္ ၅ ႏိုင္ငံေျမာက္ႏိုင္ငံ ျဖစ္လာသည္။
ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း အတည္ျပဳလူနာ ၁၂၉၈၂ ေယာက္ထပ္တိုးလာၿပီး အတည္ျပဳလူနာ ၁၀၀၂၆၆၂ ေယာက္႐ွိလာေၾကာင္း အာဂ်င္တီးနားက်န္းမာေရး၀န္ႀကီးကေျပာသည္။
ေသဆံုးသူလည္း ၄၅၁ ေယာက္ထပ္တိုးလာၿပီး ေသဆံုးသူစုစုေပါင္း ၂၆၇၁၆ ေယာက္႐ွိလာသည္။
လူဦးေရ ၄၅ သန္းခန္႔႐ွိေသာအာဂ်င္တီးနားႏိုင္ငံသည္ ကူးစက္အတည္ျပဳလူနာ ၁ သန္းျပည့္သည့္ႏိုင္ငံမ်ားတြင္ လူဦးေရအနည္းဆံုးႏိုင္ငံျဖစ္သည္။
လူဦးေရမ်ားၿပီး ကူးစက္မႈအမ်ားဆံုးျဖစ္ေနသည့္ အေမရိကန္၊ အိႏၵိယ၊ ဘရာဇီးႏွင့္ ႐ု႐ွားတို႔ေနာက္ပိုင္း အာဂ်င္တီးနားတြင္လည္း အတည္ျပဳလူနာ ၁ သန္းျပည့္လာျခင္းျဖစ္သည္။
အာဂ်င္တီးနားႏိုင္ငံသည္ ေတာင္အေမရိကတြင္ နယ္စပ္မ်ားပိတ္ၿပီး ကန္႔သတ္မႈမ်ားပထမဆံုးျပဳလုပ္သည့္ ႏိုင္ငံျဖစ္သည္။
ကန္႔သတ္မႈအမ်ားအျပားက်န္ေသးေသာ္လည္း အထူးသျဖင့္ ေဘြႏိုေအရိစ္ျပည္နယ္တြင္ ၿပီးခဲ့သည့္လမ်ား အတြင္း ကူးစက္မႈျမင့္တက္ခဲ့သည္။
Ref : Coronavirus: Argentina’s confirmed cases surpass one million
#PeopleMedia
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းကျော်သည့် ၅ နိုင်ငံမြောက် အာဂျင်တီးနားဖြစ်လာ
………………………………………………
ဘွေနိုအေရိစ်၊ အောက်တိုဘာ ၂၀
အာဂျင်တီးနာနိုင်ငံသည် ကမ္ဘာတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းပြည့်သည့် ၅ နိုင်ငံမြောက်နိုင်ငံ ဖြစ်လာသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာ ၁၂၉၈၂ ယောက်ထပ်တိုးလာပြီး အတည်ပြုလူနာ ၁၀၀၂၆၆၂ ယောက်ရှိလာကြောင်း အာဂျင်တီးနားကျန်းမာရေးဝန်ကြီးကပြောသည်။
သေဆုံးသူလည်း ၄၅၁ ယောက်ထပ်တိုးလာပြီး သေဆုံးသူစုစုပေါင်း ၂၆၇၁၆ ယောက်ရှိလာသည်။
လူဦးရေ ၄၅ သန်းခန့်ရှိသောအာဂျင်တီးနားနိုင်ငံသည် ကူးစက်အတည်ပြုလူနာ ၁ သန်းပြည့်သည့်နိုင်ငံများတွင် လူဦးရေအနည်းဆုံးနိုင်ငံဖြစ်သည်။
လူဦးရေများပြီး ကူးစက်မှုအများဆုံးဖြစ်နေသည့် အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ရုရှားတို့နောက်ပိုင်း အာဂျင်တီးနားတွင်လည်း အတည်ပြုလူနာ ၁ သန်းပြည့်လာခြင်းဖြစ်သည်။
အာဂျင်တီးနားနိုင်ငံသည် တောင်အမေရိကတွင် နယ်စပ်များပိတ်ပြီး ကန့်သတ်မှုများပထမဆုံးပြုလုပ်သည့် နိုင်ငံဖြစ်သည်။
ကန့်သတ်မှုအများအပြားကျန်သေးသော်လည်း အထူးသဖြင့် ဘွေနိုအေရိစ်ပြည်နယ်တွင် ပြီးခဲ့သည့်လများ အတွင်း ကူးစက်မှုမြင့်တက်ခဲ့သည်။
Ref : Coronavirus: Argentina’s confirmed cases surpass one million
#PeopleMedia