ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူပမာဏသည် မူလထုတ်ပြန်ထားသည်ထက် ၃ ဆ များကြောင်း ရုရှားအစိုးရဝန်ခံ

PUBLISHED - December 29, 2020
မော်စကို၊ ဒီဇင်ဘာ ၂၉
ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးမှုများသည့် ယခင်ကထုတ်ပြန်ထားသည်ထက် ၃ ဆ ပိုများကြောင်း ရုရှားနိုင်ငံ က တနင်္လာနေ့တွင်ပြောသည်။
ထို့ကြောင့် ရုရှားနိုင်ငံသည် အမေရိကန်နှင့် အိန္ဒိယတို့နောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးမှုတတိယ အများဆုံးနိုင်ငံဖြစ်လာသည်။
ယခုနှစ်၊ ဇန်နဝါရီနှင့်နိုဝင်ဘာလအတွင်း အကြောင်းရင်းစုံကြောင့်သေဆုံးသူအရေအတွက်သည် ပြီးခဲ့သည့် နှစ်ကထက် ၂၂၉၇၀၀ ယောက်မြင့်တက်ခဲ့ကြောင်း ရော့စတတ်စာရင်းအင်းအေဂျင်စီကပြောသည်။
ထိုသေဆုံးမှုများထဲမှ ၈၁ ရာခိုင်နှုန်းကျော်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဖြစ်ကြောင်း ရုရှားဒုတိယ ဝန်ကြီးချုပ် တာတီယာနာ ဂေါ်လီကိုဗာကပြောသည်။
ထိုပမာဏအရ ရုရှားနိုင်ငံသား ၁၈၆၀၀၀ ကျော်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်သေဆုံးရခြင်းဖြစ်သည်။
ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၃ သန်းကျော်ရှိကြောင်း ရုရှားအရာရှိများကပြောထားပြီး ရုရှားနိုင်ငံ သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတုတ္ထအများဆုံးနိုင်ငံဖြစ်သည်။
သို့သော် အစောပိုင်းတွင် သေဆုံးသူ ၅၅၆၂၅ ယောက်သာရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
Ref : Russia admits to world’s third-worst COVID-19 death toll
#PeopleMedia
(unicode)
……………………………………….
Ref : Russia admits to world’s third-worst COVID-19 death toll
#PeopleMedia