ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူများနှင့် ထိတွေ့မှုခြေရာခံသည့် အက်ပလီကေးရှင်းများ အသုံးပြုရန် ထိုင်းအစိုးရ ညွှန်ကြား

PUBLISHED - January 8, 2021
ဘန်ကောက်၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ချန်သာဘူရီ၊ ချွန်ဘူရီ၊ ထရက်၊ ရယောင်းနှင့် ဆာမွတ်ဆာခွန်ခရိုင်တို့တွင် MorChana ကိုရိုနာဗိုင်းရပ်စ်ကူး စက်မှုထိတွေ့သူခြေရာခံအက်ပလီကေးရှင်းများ မဖြစ်မနေအသုံးပြုရမည်ဟု ထိုင်းအစိုးရကိုရိုနာဗိုင်း ရပ်စ်အခြေအနေကြီးကြပ်ကွပ်ကဲမှုဆိုင်ရာဗဟိုဌာနပြောခွင့်ရသူကပြောသည်။
ထိုအက်ပလီကေးရှင်းသုံးပါက ကူးစက်မှုအများဆုံးဖြစ်သည့် ထိုခရိုင်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အလျင်အမြန်ထိန်းချုပ်နိုင်မည်ဟု ဒေါက်တာ တာဝီဆလစ် ဝိသာနုယိုဆင်က သောကြာနေ့တွင်ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် ထိုင်းအစိုးရကချမှတ်လိုက်သည့်အရေးပေါ်အခြေအနေများဆိုင်ရာ အထူးအမိန့်ထဲမှ အချက်အမှတ် ၁၇ တွင် အက်ပလီကေးရှင်းအသုံးပြုရန်လည်းပါဝင်သည်။
MorChana အက်ပလီကေးရှင်းမှမှတ်တမ်းများသည် သူတို့သွားခဲ့သည့်နေရာတိုင်းကိုမမှတ်မိပါက ကူးစက်သူ များကို အချက်အလက်ထိန်ချန်မှုဖြင့်တရားစွဲဆိုခြင်းမခံရအောင် ကာကွယ်ပေးနိုင်သည်ဟုလည်း ဒေါက်တာ တာဝီဆလစ်ကပြောသည်။
ကူးစက်ခံရပြီး ရည်ရွယ်ချက်ရှိရှိအချက်အလက်ထိန်ချန်ကာ အက်ပလီကေးရှင်းအသုံးမပြုသူများကို စည်းကမ်း သစ်များချိုးဖောက်မှုဖြင့်အရေးယူမည်ဖြစ်ပြီး ထောင် ၂ နှစ်ဖြစ်စေ၊ ငွေဘတ် ၄၀၀၀ ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ကျခံရမည်ဖြစ်သည်။
အင်္ဂါနေ့တွင် ထိုအက်ပလီကေးရှင်းကို အကြိမ် ၁၅ သိန်း ဒေါင်းလုတ်ရယူခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ၁၆ သိန်းခွဲနှင့် ကြာသပတေးနေ့တွင် ၃၆.၉ သိန်းဒေါင်းလုတ်ရယူခဲ့သည်ဟု ဒေါက်တာ တာဝီဆလစ်ကပြောသည်။
Ref : Position-tracking app required in 5 provinces
#PeopleMedia
(unicode)
…………………………………………………………….
Ref : Position-tracking app required in 5 provinces
#PeopleMedia