• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္တားဆီးေရးအလံုပိတ္ကန္႔သတ္မႈမ်ားအတြင္း ပိတ္မိေနသူမ်ားအေၾကာင္း ႏိုင္ငံတကာမီဒီယာ ထံ ေျဖၾကားခဲ့သည့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားကို မေလး႐ွား၀ရမ္းထုတ္ထား

ကို႐ိုနာဗိုင္းရပ္စ္တားဆီးေရးအလံုပိတ္ကန္႔သတ္မႈမ်ားအတြင္း ပိတ္မိေနသူမ်ားအေၾကာင္း ႏိုင္ငံတကာမီဒီယာ ထံ ေျဖၾကားခဲ့သည့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားကို မေလး႐ွား၀ရမ္းထုတ္ထား

Share this post

ကြာလာလမ္ပူ၊ ဇူလိုင္ ၉

အယ္ဂ်ားဇီးယားသတင္းဌာန၏ အျငင္းပြားဖြယ္ အလံုပိတ္ကန္႔သတ္မႈမ်ားအတြင္း ပိတ္မိေနျခင္းမွတ္တမ္း႐ုပ္သံ တြင္ ေတြ႕ဆံုေမးျမန္းမႈလက္ခံေျဖၾကားခဲ့သည့္ မေလး႐ွားေရာက္ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားတစ္ေယာက္ကို မေလး႐ွားလူ၀င္မႈႀကီးၾကပ္ေရးဌာနက လိုက္လံ႐ွာေဖြေနသည္။

ကြာလာလမ္ပူတြင္ေနထိုင္ခဲ့သည့္ အသက္ ၂၅ ႏွစ္အ႐ြယ္ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားေရဟန္ ကဘားကို႐ွာေဖြရန္ ထိုဌာနက ဇူလိုင္ ၈ ရက္တြင္ ၀ရမ္းထုတ္ခဲ့သည္။

လူ၀င္မႈႀကီးၾကပ္ေရးဥပေဒအရ စစ္ေဆးေမးျမန္းရန္ ၀ရမ္းထုတ္ျခင္းျဖစ္ေၾကာင္းေျပာသည္။

ကာတာအေျခစိုက္အယ္ဂ်ားဇီးယား၏သတင္းမွတ္တမ္း႐ုပ္႐ွင္တြင္ေျဖၾကားခဲ့သူမ်ားထဲ၌ ကဘားပါ၀င္သည္။

အသြားအလာထိန္းခ်ဳပ္မိန္႔ထုတ္ထားစဥ္ တရားမ၀င္ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကိုထိန္းသိမ္းရန္ တရားဥပေဒ စိုးမိုးေရးေအဂ်င္စီမ်ား၏အႀကီးအက်ယ္စစ္ဆင္ေရးမ်ားျပဳလုပ္ခဲ့ျခင္းေၾကာင့္ မေလး႐ွားအစိုးရကို သူက ပုတ္ ခတ္ေျပာဆိုခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုတြင္လုပ္ကိုင္ရန္အလုပ္လုပ္ခြင့္ရထားသည့္ကဘားက ႏိုင္ငံတကာႏွင့္ ျပည္ တြင္း႐္ုပ႐ွင္မ်ားကိုျဖန္႔ခ်ိေပးေနသည့္ႏိုင္ငံတကာလက္ကားစီးပြားေရးလုပ္ငန္းပါ၀င္သည့္ကုမၸဏီတစ္ခု၏ အေရာင္းႁမွင့္တင္ေရးဌာနအႀကီးအကဲဟု ႐ုပ္သံတြင္ေျပာဆိုထားသည္။

အဆိုပါကုမၸဏီက သူ၏ေျပာဆိုခ်က္ကို ျငင္းဆိုသည္။

မေလး႐ွားႏိုင္ငံ၏ပံုရိပ္ကိုထိခိုက္ေစသည့္ေျပာဆိုခ်က္အမွားမ်ားျပဳလုပ္သည့္ႏိုင္ငံျခားသားမ်ားကို ေနထိုင္ ခြင့္႐ုတ္သိမ္းသြားမည္ဟု လူ၀င္မႈႀကီးၾကပ္ေရးၫႊန္ၾကားေရးမွဴးခ်ဳပ္ဒါတြတ္ ခိုင္႐ူဇိုင္မီးေဒါ့က ထုတ္ျပန္ခ်က္တြင္ ေျပာသည္။

Ref : Bangladeshi wanted for statements made during Al Jazeera documentary

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်တားဆီးရေးအလုံပိတ်ကန့်သတ်မှုများအတွင်း ပိတ်မိနေသူများအကြောင်း နိုင်ငံတကာမီဒီယာ ထံ ဖြေကြားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို မလေးရှားဝရမ်းထုတ်ထား
……………………………………………………

ကွာလာလမ်ပူ၊ ဇူလိုင် ၉

အယ်ဂျားဇီးယားသတင်းဌာန၏ အငြင်းပွားဖွယ် အလုံပိတ်ကန့်သတ်မှုများအတွင်း ပိတ်မိနေခြင်းမှတ်တမ်းရုပ်သံ တွင် တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည့် မလေးရှားရောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက လိုက်လံရှာဖွေနေသည်။

ကွာလာလမ်ပူတွင်နေထိုင်ခဲ့သည့် အသက် ၂၅ နှစ်အရွယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေဟန် ကဘားကိုရှာဖွေရန် ထိုဌာနက ဇူလိုင် ၈ ရက်တွင် ဝရမ်းထုတ်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေအရ စစ်ဆေးမေးမြန်းရန် ဝရမ်းထုတ်ခြင်းဖြစ်ကြောင်းပြောသည်။

ကာတာအခြေစိုက်အယ်ဂျားဇီးယား၏သတင်းမှတ်တမ်းရုပ်ရှင်တွင်ဖြေကြားခဲ့သူများထဲ၌ ကဘားပါဝင်သည်။

အသွားအလာထိန်းချုပ်မိန့်ထုတ်ထားစဉ် တရားမဝင်ရွှေ့ပြောင်းအခြေချသူများကိုထိန်းသိမ်းရန် တရားဥပဒေ စိုးမိုးရေးအေဂျင်စီများ၏အကြီးအကျယ်စစ်ဆင်ရေးများပြုလုပ်ခဲ့ခြင်းကြောင့် မလေးရှားအစိုးရကို သူက ပုတ် ခတ်ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်လုပ်ကိုင်ရန်အလုပ်လုပ်ခွင့်ရထားသည့်ကဘားက နိုင်ငံတကာနှင့် ပြည် တွင်းရ်ုပရှင်များကိုဖြန့်ချိပေးနေသည့်နိုင်ငံတကာလက်ကားစီးပွားရေးလုပ်ငန်းပါဝင်သည့်ကုမ္ပဏီတစ်ခု၏ အရောင်းမြှင့်တင်ရေးဌာနအကြီးအကဲဟု ရုပ်သံတွင်ပြောဆိုထားသည်။

အဆိုပါကုမ္ပဏီက သူ၏ပြောဆိုချက်ကို ငြင်းဆိုသည်။

မလေးရှားနိုင်ငံ၏ပုံရိပ်ကိုထိခိုက်စေသည့်ပြောဆိုချက်အမှားများပြုလုပ်သည့်နိုင်ငံခြားသားများကို နေထိုင် ခွင့်ရုတ်သိမ်းသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်ဒါတွတ် ခိုင်ရူဇိုင်မီးဒေါ့က ထုတ်ပြန်ချက်တွင် ပြောသည်။

Ref : Bangladeshi wanted for statements made during Al Jazeera documentary

#PeopleMedia


Share this post