
PUBLISHED - March 14, 2020
ဝါရှင်တန်၊ မတ် ၁၄
(Unicode)
ကိုရိုနာဗိုင်းရပ်စ်အရေး အမျိုးသားအရေးပေါ်အဖြစ် ထရမ့်ကြေညာ
…………………………………………………………………..
ဝါရှင်တန်၊ မတ် ၁၄
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန် အမျိုးသားအဆင့်အရေးပေါ်အဖြစ် အမေရိကန် သမ္မတဒေါ်နယ် ထရမ့်က ကြေညာခဲ့သည်။
ကြေညာချက်ကြောင့် အရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေအဖြစ် အမေရိကန်ပြည်ထောင်စုအစိုးရက ဒေါ်လာဘီလီယံ ၅၀ ထည့်သွင်းပေးမည်ဖြစ်သည်။
ယခုကြေညာချက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစည်းမျည်းများဖြေလျော့ပေးမည့်အပြင် နှေးကွေးသည်ဟု ကျယ်ကျယ်ပြန့် ပြန့်ဝေဖန်ခံနေရသည့် စစ်ဆေးမှုများကိုလည်း အရှိန်မြှင့်နိုင်မည်ဖြစ်သည်။
အမေရိကန်တွင် COVID-19 ကူးစက်ခံထားရသူ ၁၇၀၁ ယောက်ရှိပြီး လူ ၄၀ သေဆုံးခဲ့ပြီးဖြစ်သည်။ ဥရောပနိုင်ငံ ၂၆ နိုင်ငံမှ လာရောက်သည့် အမေရိကန်နိုင်ငံသားမဟုတ်သူများကို ပြည်ဝင်ခွင့်မပေးရန်လည်း ထရမ့်ကဆုံးဖြတ်ခဲ့သည်။
Ref: Trump declares national emergency over coronavirus
#PeopleMedia #CoronaVirus #NationalEmergency #USA