ကိုရိုနာဗိုင်းရပ်စ်အကြောင်း စစ်ဆေးမည့်ကျွမ်းကျင်သူများကို တရုတ်နိုင်ငံက ပြည်ဝင်ခွင့်မပေးသေးခြင်းအပေါ် စိတ်ပျက်မိကြောင်း WHO အကြီးအကဲပြော

PUBLISHED - January 6, 2021
ဇူးရစ်၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကိုရိုနာဗိုင်းရပ်စ်သန္ဓေတည်ရာကို စုံစမ်းစစ်ဆေးမည့် နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့ကို တရုတ်နိုင်ငံက ပြည့်ဝင်ခွင့်မပေးသေးသည့်အပေါ် အလွန်စိတ်ပျက်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီးဆက်စ်က အင်္ဂါနေ့တွင်ပြောသည်။
ဇန်နဝါရီလဆန်းတွင် အင်ပြည့်အားပြည့်ဆောင်ရွက်မည့်အဖွဲ့ဝင် ၁၀ ယောက်ထွက်ခွာရန်စီစဉ်ထားသည်။
ပြီးခဲ့သည့်တနှစ်ကျော်တွင်ကူးစက်မှုရှိခဲ့သည့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့သွားမည်ဖြစ်သည်။
နိုင်ငံတကာအဖွဲ့မှ အဖွဲ့ဝင် ၂ ယောက်က တရုတ်နိုင်ငံဆီသို့ထွက်ခွာခဲ့ပြီး ၁ ယောက်က ပြန်လာခဲ့ပြီးနောက် နောက်ထပ် ၁ ယောက်က ကြားနိုင်ငံတနိုင်ငံတွင် ခရီးစဉ်ပြောင်းစီးရန်စောင့်ဆိုင်းနေကြောင်း WHO အရေး ပေါ်အခြေအနေများဆိုင်ရာအကြီးအကဲ ဒေါက်တာ မိုက် ရိုင်ယန်ကပြောသည်။
ယခုပြည်ဝင်ခွင့်မပေးသေးခြင်းသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဗျူရိုကရေစီယန္တရားပြဿနာသာ ဖြစ်နိုင် သည်ဟု ယုံကြည်မျှော်လင့်နေပြီး မကြာမီဖြေရှင်းနိုင်မည်ဟုမျှော်လင့်ကြောင်းလည်း ဒေါက်တာ ရိုင်ယန်က ပြောသည်။
ဒေသအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ကြောင်း ပိုမိုလေ့လာမှုများတွင်တွေ့နေရသည်ဟု ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောသော်လည်း ရိုင်ယန်ကမူ ဝမ်ယီ၏ပြောဆိုမှုသည် အလွန်မှန်းချေဆန်ကြောင်းပြောထားသည်။
Ref : WHO’s Tedros ‘very disappointed’ China hasn’t granted entry to COVID-19 experts
#PeopleMedia
(unicode)
…………………………………………………………
Ref : WHO’s Tedros ‘very disappointed’ China hasn’t granted entry to COVID-19 experts
#PeopleMedia