PUBLISHED - February 13, 2020
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၃
Source – BBC
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟူဘေးပြည်နယ်မှာ သေဆုံးသူနဲ့ကူးစက်ခံရသူသိသိသာသာ မြင့်တက်လာ
…………………………………………………
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၃
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ်သစ် COVID2019ကြောင့် သေဆုံးသူ ၂၄၂ ယောက်ရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကြောင့် တစ်နေ့တည်းသေဆုံးမှုအများဆုံးနေ့ဖြစ်ခဲ့ပါတယ်။
ကူးစက်ခံရသူလည်း အကြီးအကျယ်မြင့်တက်ခဲ့ပြီး တစ်နေ့တည်းကူးစက်ခံရသူ ၁၄၈၄၀ ယောက်ကိုလည်း တွေ့ခဲ့ရပါတယ်။
လူတွေကူးစက်ခံရမှုအဓိပ္ပာယ်ဖွင့်ဆိုချက်သစ်သတ်မှတ်လိုက်ပြီးနောက် အခုလိုကူးစက်ခံရမှုမြင့်တက်တာကို တွေ့ခဲ့ရတာပါ။
အချက်အလက်သစ်တွေထုတ်ပြန်လိုက်ပြီးနာရီပိုင်းအကြာမှာ ဟူဘေးပြည်နယ်အရာရှိ ၂ ယောက်ကို တရုတ်အစိုးရက ရာထူးကထုတ်ပယ်လိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ကူးစက်ခံရသူမတိုးလာခင် ကူးစက်ခံရသူအရေအတွက်တည်ငြိမ်နေတာပါ။
လက်ရှိမှာတော့ တရုတ်တစ်နိုင်ငံလုံး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၃၅၀ ယောက်ရှိလာပြီး ကူးစက်ခံရသူ ၆၀၀၀၀ နီးပါးရှိနေပါပြီ။
ကူးစက်ကြောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သစ်ဖြစ်တဲ့ ရောဂါလက္ခဏာမရင့်သေးတဲ့လူတွေကိုထည့်တွက်တာဟာ တရုတ်ပြည်မကြီးမှာ ကူးစက်ခံရမှု ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့ဟူဘေးပြည်နယ်မှာပဲရှိပါတယ်။
Source – BBC
Photo – People’s Daily China
#PeopleMedia #CoronaVirus #COVID2019