
PUBLISHED - February 20, 2020
Source – Al Jazeera
Photo – IRNA
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးလူသေဆုံး
……………………………………………………
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံထားရခဲ့တဲ့နောက် အီရန်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို ၂ ယောက် သေ ဆုံးခဲ့တယ်ဆိုပြီး အီရန်ကျန်းမာရေးအရာရှိတွေကပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုရှိလာပါပြီ။
“သေဆုံးသူနှစ်ယောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရလို့ ပြင်းထန်တဲ့အဆုတ်ရောဂါတွေခံစားခဲ့ရတယ်” ဆိုပြီး အီရန် ကျန်းမာရေးဝန်ကြီးရဲ့အကြံပေး အလီရီဇာ ဗာဟတ်ဇာဒါကပြောပါတယ်။
ဘယ်သူဘယ်ဝါတွေဖြစ်ပြီး အသက်ဘယ်လောက်ရှိနေပြီဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိနေပြီး ကမ္ဘာ့အနှံ့ကူးစက်ခံရသူ ၇၅၀၀၀ ကျော်ရှိနေပါတယ်။ အီရန်နိုင်ငံက သေဆုံးသူ ၂ ယောက်ဟာ အီရန်မှာ ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေဖြစ်ပြီး တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် ၇ ယောက်မြောက်နဲ့ ၈ ယောက်မြောက်သေဆုံးသူတွေဖြစ်ပါတယ်။
Source – Al Jazeera
Photo – IRNA
#PeopleMedia #CoronaVirus #COVID19 #Iran