• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္-ေတာင္ကိုရီးယား ပူးတြဲ စစ္ေရးေလ့က်င့္မႈမ်ား ေရႊ႕ဆိုင္း

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္-ေတာင္ကိုရီးယား ပူးတြဲ စစ္ေရးေလ့က်င့္မႈမ်ား ေရႊ႕ဆိုင္း

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၂၇

ေတာင္ကိုရီးယားႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၃၃၄ မႈ ထပ္မံေတြ႕ရွိကာ စုစုေပါင္း ကူးစက္ခံရသူ ၁၅၉၅ ဦးအထိ ရွိလာၿပီဟု သတင္းထုတ္ျပန္ခဲ့ရာ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတပ္မေတာ္တို႔က အဆိုပါ ကူး စက္ေရာဂါပ်ံ႕ပြားမႈေၾကာင့္ ပူးတြဲ စစ္ေရးေလ့က်င့္မႈမ်ားကို ေရႊ႕ဆိုင္းလိုက္ၿပီျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံက အျမင့္ဆုံးအဆင့္ သတိေပးမႈ ေၾကညာ ၿပီးေနာက္ ပူးတြဲစစ္ေရးေလ့က်င့္မႈ ေရႊ႕ဆိုင္းမည့္ဆုံးျဖတ္ခ်က္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ေရႊ႕ဆိုင္းမႈမွာ ထပ္မံ၍ သတိ ေပးခ်က္ ထုတ္ျပန္သည္အထိျဖစ္ေၾကာင္း ပူးတြဲတပ္ဖြဲ႕မ်ားကြပ္ကဲမႈဌာနက ေျပာၾကားသည္။

ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္ေသာ ေျမာက္ကိုရီးယားႏိုင္ငံ၏ရန္မွ ကာကြယ္ေပးရန္ ေတာင္ကိုရီးယား ၌ အေမရိကန္တပ္ဖြဲ႕ဝင္ ၂၈၅၀၀ ဦးရွိၿပီး တပ္ဖြဲ႕ဝင္အမ်ားစုမွာ ဆိုးလ္ၿမိဳ႕ေတာ္ေတာင္ဘက္ ေျပာင္တိတ္ခ္ရွိ အေမ ရိကန္ႏိုင္ငံ၏ အႀကီးမားဆုံးေသာ ျပည္ပစစ္ဘက္အေျခစိုက္စခန္း Camp Humphreys ၌ အေျခစိုက္သည္။

စစ္ေရးေလ့က်င့္မႈမ်ားက က်ဴးေက်ာ္တိုက္ခိုက္ရန္ ျပင္ဆင္မႈမ်ားျဖစ္သည္ဟု ရႈတ္ခ်ေလ့ရွိသည့္ ေျမာက္ ကိုရီးယားႏိုင္ငံႏွင့္ ႏ်ဴကလီးယားေဆြးေႏြးမႈမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ႏွစ္စဉ္ျပဳလုပ္ေနက် ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို သိသိသာသာ ေလ်ာ့ခ်ခဲ့ေသာ္လည္း ကြပ္ကဲမႈဆိုင္ရာ ညႇိႏႈိင္း ေဆာင္ရြက္ျခင္းေလ့က်င့္မႈကို ယခုႏွစ္ေႏြဦးရာသီတြင္ ျပဳလုပ္ရန္စီစဉ္ထားသည္။

တ႐ုတ္ႏိုင္ငံျပင္ပတြင္ ေတာင္ကိုရီးယားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအမ်ားဆုံးရွိသည့္ တိုင္း ျပည္ျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါမွာ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလအတြင္း တ႐ုတ္ႏိုင္ငံ၌ စတင္ျဖစ္ပြားခဲ့ၿပီး ကမၻာ့တိုင္းျပည္မ်ားသို႔ ပ်ံ႕ႏွံ႔သြားခဲ့သည္။

ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီးေရးဗဟိုဌာန၏ သတင္းထုတ္ျပန္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ ေသဆုံးသူ ၁၂ ဦး ရွိလာခဲ့ၿပီး ေတာင္ကိုရီးယားႏိုင္ငံရွိ ကူးစက္ခံရသူမ်ား၏ ၈၀ ရာခိုင္ႏႈန္းေက်ာ္မွာ လူဦး ေရ ၂ ဒသမ ၅ သန္းေနထိုင္ရာ စတုတၳအႀကီးဆုံးၿမိဳ႕ ဒယ္လ္ဂူးၿမိဳ႕ႏွင့္ အိမ္နီးခ်င္း ေျမာက္ေဂ်ာင္ဆန္ျပည္နယ္မွဟု သိရသည္။

#MPI #MyitphyarIrra #InternationalNews

ကိုးကား – ေအအက္ဖ္ပီ

Ref; US, South Korea postpone joint military exercises over virus

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ရွှေ့ဆိုင်း
……………………………………………………………………………

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၃၄ မှု ထပ်မံတွေ့ရှိကာ စုစုပေါင်း ကူးစက်ခံရသူ ၁၅၉၅ ဦးအထိ ရှိလာပြီဟု သတင်းထုတ်ပြန်ခဲ့ရာ အမေရိကန်နှင့် တောင်ကိုရီးယားတပ်မတော်တို့က အဆိုပါ ကူး စက်ရောဂါပျံ့ပွားမှုကြောင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် တောင်ကိုရီးယားနိုင်ငံက အမြင့်ဆုံးအဆင့် သတိပေးမှု ကြေညာ ပြီးနောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းမည့်ဆုံးဖြတ်ချက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေ့ဆိုင်းမှုမှာ ထပ်မံ၍ သတိ ပေးချက် ထုတ်ပြန်သည်အထိဖြစ်ကြောင်း ပူးတွဲတပ်ဖွဲ့များကွပ်ကဲမှုဌာနက ပြောကြားသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံ၏ရန်မှ ကာကွယ်ပေးရန် တောင်ကိုရီးယား ၌ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ ဦးရှိပြီး တပ်ဖွဲ့ဝင်အများစုမှာ ဆိုးလ်မြို့တော်တောင်ဘက် ပြောင်တိတ်ခ်ရှိ အမေ ရိကန်နိုင်ငံ၏ အကြီးမားဆုံးသော ပြည်ပစစ်ဘက်အခြေစိုက်စခန်း Camp Humphreys ၌ အခြေစိုက်သည်။

စစ်ရေးလေ့ကျင့်မှုများက ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်မှုများဖြစ်သည်ဟု ရှုတ်ချလေ့ရှိသည့် မြောက် ကိုရီးယားနိုင်ငံနှင့် နျူကလီးယားဆွေးနွေးမှုများ အဆင်ပြေချောမွေ့စေရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့က နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သိသိသာသာ လျော့ချခဲ့သော်လည်း ကွပ်ကဲမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ခြင်းလေ့ကျင့်မှုကို ယခုနှစ်နွေဦးရာသီတွင် ပြုလုပ်ရန်စီစဉ်ထားသည်။

တရုတ်နိုင်ငံပြင်ပတွင် တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံးရှိသည့် တိုင်း ပြည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့တိုင်းပြည်များသို့ ပျံ့နှံ့သွားခဲ့သည်။

ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၁၂ ဦး ရှိလာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရှိ ကူးစက်ခံရသူများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ လူဦး ရေ ၂ ဒသမ ၅ သန်းနေထိုင်ရာ စတုတ္ထအကြီးဆုံးမြို့ ဒယ်လ်ဂူးမြို့နှင့် အိမ်နီးချင်း မြောက်ဂျောင်ဆန်ပြည်နယ်မှဟု သိရသည်။

#MPI #MyitphyarIrra #InternationalNews

ကိုးကား – အေအက်ဖ်ပီ

Ref; US, South Korea postpone joint military exercises over virus


Share this post