
PUBLISHED - March 23, 2020
ဝယ်လင်တန်၊ မတ် – ၂၃
#PeopleMedia #CoronaVirus #NewZealand
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနှင့်ဘာဘေးဒိုးစ်မှ သံတမန်ဆိုင်ရာရုံးများ နယူးဇီလန်ပိတ်သိမ်း
………………………………………………………
ဝယ်လင်တန်၊ မတ် – ၂၃
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံဆိုင်ရာနယူးဇီလန်သံရုံးနှင့် ဘာဘေးဒိုးစ်ကျွန်းနိုင်ငံမှ မဟာ မင်းကြီးရုံးတို့ကို ပိတ်ထားမည်ဟု နယူးဇီလန်အစိုးရကကြေညာသည်။
အဆိုပါနိုင်ငံများသို့သွားရောက်မည့် လေကြောင်းခရီးစဉ်များ ရှားပါးလာသဖြင့် ပိတ်သိမ်းရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံများ၏ကျန်းမာရေးစနစ်တွင် ဖိအားစုပုံနေခြင်းကြောင်း ယခုလိုဆုံးဖြတ်ရခြင်းဖြစ်ကြောင်း နယူးဇီ လန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာကပြောသည်။
သံတမန်ဆိုင်ရာရုံး ၂ ရုံးကိုသာယာယီပိတ်ထားခြင်းဖြစ်သော်လည်း ကမ္ဘာတဝန်းမှနောက်ထပ်သံရုံးများနှင့် မဟာမင်းကြီးရုံးများလည်း ယာယီပိတ်နိုင်ချေရှိကြောင်း ပီတာက သတိပေးခဲ့သည်။
သို့သော်လည်း နယူးဇီလန်၏သံတမန်ရုံး ၆၂ ရုံးမှ အများစုကို ဆက်ဖွင့်ထားချင်သည်ဆန္ဒ နယူးဇီလန်အစိုးရ တွင်ရှိကြောင်းလည်း ပြောသည်။
ရန်ကုန်နှင့် ဘာဘေးဒိုးစ်မြို့တော်ဘရစ်ဂ်ျတောင်းမှ သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များကို နယူးဇီလန်သို့ပြန် ခေါ်ထားကြောင်းလည်း သိရသည်။
ဘာဘေးဒိုးစ်မှမဟာမင်းကြီးရုံးကို မတ် ၂၂ ရက်တွင် ပိတ်ခဲ့ပြီး ရန်ကုန်မှသံရုံကို ယနေ့တွင် ပိတ်လိုက်ခြင်း ဖြစ် သည်။
Ref: Coronavirus: Diplomatic posts shut amid Covid-19 pandemic – Government warns more may be shut