
PUBLISHED - June 5, 2020
ဝါရှင်တန်၊ ဇွန် ၅
#PeopleMedia
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘင်္ဂါလီတစ်ယောက် ပထမဆုံးသေဆုံးကြောင်း ကုလသမဂ္ဂအတည်ပြု
………………………………………………………
ဝါရှင်တန်၊ ဇွန် ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ကော့က်ဘဇားက ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ထားရတဲ့ ဘင်္ဂါလီမူရင်းတွင်ရိုဟင်ဂျာဟုဆို) တစ်ယောက်ပထမဆုံးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂပြောခွင့်ရသူ စတီဖင်ဂျူရှားရစ်က ကြာသပတေးနေ့မှာ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပါတယ်။
သေဆုံးသူဟာ အသက် ၇၁ နှစ်ရှိတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဆို) အမျိုးသားတစ်ယောက်ဖြစ်ကြောင်း လည်း ဂျူရှားရစ်ကပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအသိုက်အဝန်းက ဒီဖြစ်ရပ်ကြောင့် ထိခိုက်ကြေကွဲခဲ့ပြီး မိသားစုနဲ့ ထပ် တူ ဝမ်းနည်းမိကြောင်းလည်း ပြောနေကြပါတယ်။
လူ ၃၀ လောက်ကို စမ်းသပ်မှုတွေလုပ်ထားပေမဲ့ စမ်းသပ်ဖို့ခက်နေသေးပြီး ကူးစက်ခံလူဦးရေးပိုများလာနိုင်သ လို ဗိုင်းရပ်စ်နဲ့ ဆက်စပ်ရောဂါတွေကြောင့် သေဆုံးသူတွေလည်းရှိနေနိုင်တယ်လို့ ဂျူရှားရစ်ကပြောပါတယ်။
ဧပြီလကုန်အထိဆိုရင် ကော့က်စ်ဘဇားမှာ ဘင်္ဂါလီ ၈၆၀၀၀၀ လောက်နေထိုင်ကြပါတယ်။
Ref : UN Confirms First Rohingya Death In Cox’s Bazar – Spokesperson
#PeopleMedia