ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမၻာတဝန္းေသဆုံးသူ ၄ သိန္းေက်ာ္ေန

PUBLISHED - June 8, 2020
ဇြန္ ၈
အိႏၵိယနဲ႔ဘရာဇီးႏိုင္ငံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူျမင့္တက္လာၿပီး ကမၻာတဝန္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ ေသဆုံးသူ ၄ သိန္းေက်ာ္ေနသည္။
ေသဆုံးသူ ၄ ပုံတစ္ပုံမွာ အေမရိကန္မွျဖစ္ၿပီး ေတာင္အေမရိကတြင္လည္း ေသဆုံးသူမ်ားျမင့္တက္ေနသည္။
၅ လအတြင္း COVID-19 ႏွင့္ ဆက္စပ္ေနသည့္ေသဆုံးသူအေရအတြက္မွာ ကမၻာေသဆုံးမႈအမ်ားဆုံးကူးစက္ ေရာဂါမ်ားထဲတြင္ပါသည့္ ငွက္ဖ်ားေရာဂါေၾကာင့္ တစ္ႏွစ္လွ်င္ေသဆုံးသူဦးေရႏွင့္ တူညီေနသည္။
ကမၻာတဝန္းကူးစက္မႈ ၇ သန္းနားကပ္လာၿပီး ကူးစက္ခံရသူ ၃၀ ရာခိုင္ႏႈန္းျဖစ္သည့္လူ ၂ သန္းေက်ာ္မွာ အေမ ရိကန္မွျဖစ္သည္။
လက္တင္အေမရိကတြင္ ကူးစက္ခံရသူ ၁၅ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး ဒုတိယကူးစက္မႈအမ်ားဆုံးေဒသျဖစ္သည္။
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံးေသဆုံးသူကို ဇန္နဝါရီ ၁၀ ရက္က တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ေတြ႕ခဲ့ၿပီး ေဖ ေဖာ္ဝါရီလဆန္းတြင္ ေသဆုံးသူ ၁ သိန္းျပည့္ခဲ့သည္။
ေသဆုံးသူ ၃ သိန္းမွ ၄ သိန္းေရာက္ရန္ ၂၄ ရက္ၾကာသည္။
အေမရိကန္တြင္ ေသဆုံးမႈအမ်ားဆုံးျဖစ္ၿပီး ေသဆုံးသူ ၁၁၀၀၀၀ နီးပါးရွိေနသည္။
ဘရာဇီးတြင္ေသဆုံးသူဦးေရျမင့္တက္ေနၿပီး ၿဗိတိန္ထက္ေက်ာ္လြန္ကာ ဒုတိယေသဆုံးမႈအမ်ားဆုံးႏိုင္ငံျဖစ္ေန သည္။
အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ကူးစက္ခံရသူအားလုံးကိုစစ္ေဆးႏိုင္သည့္စမ္းသပ္ပစၥည္းအလုံအေလာက္မရွိျခင္းႏွင့္ ေဆး ႐ုံျပင္ပေသဆုံးမႈမ်ားကိုထည့္မတြက္ျခင္းတို႔ေၾကာင့္ အမွန္တကယ္ေသဆုံးသူအေရအတြက္မွာ ၄ သိန္းထက္ ေက်ာ္လြန္ေနႏိုင္သည္။
Ref : Global coronavirus deaths top 400,000 as outbreak grows in Brazil, India: Reuters tally
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၄ သိန်းကျော်နေ
………………………………………………
ဇွန် ၈
အိန္ဒိယနဲ့ဘရာဇီးနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမြင့်တက်လာပြီး ကမ္ဘာတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၄ သိန်းကျော်နေသည်။
သေဆုံးသူ ၄ ပုံတစ်ပုံမှာ အမေရိကန်မှဖြစ်ပြီး တောင်အမေရိကတွင်လည်း သေဆုံးသူများမြင့်တက်နေသည်။
၅ လအတွင်း COVID-19 နှင့် ဆက်စပ်နေသည့်သေဆုံးသူအရေအတွက်မှာ ကမ္ဘာသေဆုံးမှုအများဆုံးကူးစက် ရောဂါများထဲတွင်ပါသည့် ငှက်ဖျားရောဂါကြောင့် တစ်နှစ်လျှင်သေဆုံးသူဦးရေနှင့် တူညီနေသည်။
ကမ္ဘာတဝန်းကူးစက်မှု ၇ သန်းနားကပ်လာပြီး ကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်းဖြစ်သည့်လူ ၂ သန်းကျော်မှာ အမေ ရိကန်မှဖြစ်သည်။
လက်တင်အမေရိကတွင် ကူးစက်ခံရသူ ၁၅ ရာခိုင်နှုန်းကျော်ရှိပြီး ဒုတိယကူးစက်မှုအများဆုံးဒေသဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူကို ဇန်နဝါရီ ၁၀ ရက်က တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင်တွေ့ခဲ့ပြီး ဖေ ဖော်ဝါရီလဆန်းတွင် သေဆုံးသူ ၁ သိန်းပြည့်ခဲ့သည်။
သေဆုံးသူ ၃ သိန်းမှ ၄ သိန်းရောက်ရန် ၂၄ ရက်ကြာသည်။
အမေရိကန်တွင် သေဆုံးမှုအများဆုံးဖြစ်ပြီး သေဆုံးသူ ၁၁၀၀၀၀ နီးပါးရှိနေသည်။
ဘရာဇီးတွင်သေဆုံးသူဦးရေမြင့်တက်နေပြီး ဗြိတိန်ထက်ကျော်လွန်ကာ ဒုတိယသေဆုံးမှုအများဆုံးနိုင်ငံဖြစ်နေ သည်။
အချို့နိုင်ငံများတွင် ကူးစက်ခံရသူအားလုံးကိုစစ်ဆေးနိုင်သည့်စမ်းသပ်ပစ္စည်းအလုံအလောက်မရှိခြင်းနှင့် ဆေး ရုံပြင်ပသေဆုံးမှုများကိုထည့်မတွက်ခြင်းတို့ကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်မှာ ၄ သိန်းထက် ကျော်လွန်နေနိုင်သည်။
Ref : Global coronavirus deaths top 400,000 as outbreak grows in Brazil, India: Reuters tally