ကို႐ိုနာဗိုင္းရပ္စ္႐ွိ၊ မ႐ွိ အိမ္တြင္အျပည့္အ၀စစ္ေဆးႏိုင္သည့္စမ္းသပ္မႈကို အေမရိကန္အစိုးရအတည္ျပဳ

PUBLISHED - December 16, 2020
ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ႐ွိ၊ မ႐ွိ အိမ္တြင္သာစစ္ေဆးႏိုင္သည့္စမ္းသပ္မႈကို အဂၤါေန႔တြင္ အေမရိကန္အစား အစာႏွင့္ ေဆးဝါးႀကီးၾကပ္ကြပ္ကဲမႈဌာန FDA က အေရးေပၚအသံုးျပဳခြင့္ျပဳလိုက္သည္။
အျခားအိမ္တြင္သာစစ္ေဆးႏိုင္သည့္စမ္းသပ္မႈမ်ားသည္ ဆရာ၀န္ခြင့္ျပဳခ်က္ သို႔ ရလဒ္ရရန္ ဓာတ္ခြဲခန္းသို႔ နမူနာမ်ားပို႔ေပးသူ လိုအပ္ေသာ္လည္း ၾသစေၾတးလ်ကုမၸဏီ အယ္လူမီကေရာင္းခ်သည့္ အိမ္တြင္ကို႐ိုနာ ဗိုင္းရပ္စ္စစ္ေဆးႏိုင္သည့္စမ္းသပ္မႈသည္ ဆရာ၀န္ခြင့္ျပဳခ်က္မလိုဘဲ ရလဒ္ကိုလည္း အိမ္တြင္သာသိႏိုင္သည္။
ယခုခြင့္ျပဳျခင္းသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကိုစစ္ေဆးရာတြင္ အဓိကမွတ္တိုင္တခုျဖစ္လာသည္ဟု FDA မဟာမင္းႀကီး ေဒါက္တာ စတီဖန္ ဟန္က ထုတ္ျပန္ခ်က္တြင္ျပဳသည္။
ဆရာ၀န္ခြင့္ျပဳခ်က္မလိုသည့္စမ္းသပ္ပစၥည္းကိုခြင့္ျပဳျခင္းအားျဖင့္ ထိုပစၥည္းကို လူနာတေယာက္အလြယ္တကူ ၀ယ္ယူႏိုင္သည့္ေဆးဆိုင္မ်ားကဲ့သို႔ေနရာမ်ားတြင္ ေရာင္းခ်ခြင့္ျပဳၿပီး ႏွာေခါင္းတို႔ဖတ္ယူစစ္ေဆးၿပီး အနည္းဆံုး မိနစ္ ၂၀ အတြင္း ရလဒ္ထြက္ႏိုင္သည့္ပစၥည္းကို အသံုးျပဳခြင့္ေပးျခင္းျဖစ္သည္ဟုလည္းေျပာသည္။
အယ္လူမီ၏စမ္းသပ္ပစၥည္းသည္ ေရာဂါပိုးကိုစစ္ေဆးၿပီး ကူးစက္ခံထားရသည့္နမူနာ ၉၆ ရာခိုင္ႏႈန္းကို ေဖာ္ထုတ္ႏိုင္သည့္အျပင္ မကူးစက္ထားသည့္နမူနာ ၁၀၀ ရာခိုင္ႏႈန္းကိုေဖာ္ထုတ္ႏိုင္ေၾကာင္းလည္း FDA ကေျပာသည္။
လကၡဏာမျပေသာလူမ်ားတြင္ ကူးစက္နမူနာ ၉၁ ရာခိုင္ႏႈန္းကိုေဖာ္ထုတ္ႏိုင္ၿပီး မကူးစက္သည့္နမူနာ ၉၆ ရာခိုင္ႏႈန္းကိုေဖာ္ထုတ္ႏိုင္ေၾကာင္းလည္းေျပာသည္။
ဇန္နဝါရီတြင္ စမ္းသပ္ပစၥည္း ၃ သန္းထုတ္လုပ္ႏိုင္မည္ဟု အယ္လူမီကေမွ်ာ္လင့္ေနၿပီး အေရးေပၚအသံုးျပဳခြင့္ ေလွ်ာက္ထားခ်ိန္က စမ္းသပ္ပစၥည္းတခုလွ်င္ ေဒၚလာ ၃၀ က်သင့္မည္ဟု ကုမၸဏီကေျပာသည္။
Ref : FDA authorizes first fully at-home test as more Covid-19 patients are hospitalized than ever before
#PeopleMedia
(unicode)
ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ အိမ်တွင်အပြည့်အဝစစ်ဆေးနိုင်သည့်စမ်းသပ်မှုကို အမေရိကန်အစိုးရအတည်ပြု
………………………………………..
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိ အိမ်တွင်သာစစ်ဆေးနိုင်သည့်စမ်းသပ်မှုကို အင်္ဂါနေ့တွင် အမေရိကန်အစား အစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန FDA က အရေးပေါ်အသုံးပြုခွင့်ပြုလိုက်သည်။
အခြားအိမ်တွင်သာစစ်ဆေးနိုင်သည့်စမ်းသပ်မှုများသည် ဆရာဝန်ခွင့်ပြုချက် သို့ ရလဒ်ရရန် ဓာတ်ခွဲခန်းသို့ နမူနာများပို့ပေးသူ လိုအပ်သော်လည်း သြစတြေးလျကုမ္ပဏီ အယ်လူမီကရောင်းချသည့် အိမ်တွင်ကိုရိုနာ ဗိုင်းရပ်စ်စစ်ဆေးနိုင်သည့်စမ်းသပ်မှုသည် ဆရာဝန်ခွင့်ပြုချက်မလိုဘဲ ရလဒ်ကိုလည်း အိမ်တွင်သာသိနိုင်သည်။
ယခုခွင့်ပြုခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုစစ်ဆေးရာတွင် အဓိကမှတ်တိုင်တခုဖြစ်လာသည်ဟု FDA မဟာမင်းကြီး ဒေါက်တာ စတီဖန် ဟန်က ထုတ်ပြန်ချက်တွင်ပြုသည်။
ဆရာဝန်ခွင့်ပြုချက်မလိုသည့်စမ်းသပ်ပစ္စည်းကိုခွင့်ပြုခြင်းအားဖြင့် ထိုပစ္စည်းကို လူနာတယောက်အလွယ်တကူ ဝယ်ယူနိုင်သည့်ဆေးဆိုင်များကဲ့သို့နေရာများတွင် ရောင်းချခွင့်ပြုပြီး နှာခေါင်းတို့ဖတ်ယူစစ်ဆေးပြီး အနည်းဆုံး မိနစ် ၂၀ အတွင်း ရလဒ်ထွက်နိုင်သည့်ပစ္စည်းကို အသုံးပြုခွင့်ပေးခြင်းဖြစ်သည်ဟုလည်းပြောသည်။
အယ်လူမီ၏စမ်းသပ်ပစ္စည်းသည် ရောဂါပိုးကိုစစ်ဆေးပြီး ကူးစက်ခံထားရသည့်နမူနာ ၉၆ ရာခိုင်နှုန်းကို ဖော်ထုတ်နိုင်သည့်အပြင် မကူးစက်ထားသည့်နမူနာ ၁၀၀ ရာခိုင်နှုန်းကိုဖော်ထုတ်နိုင်ကြောင်းလည်း FDA ကပြောသည်။
လက္ခဏာမပြသောလူများတွင် ကူးစက်နမူနာ ၉၁ ရာခိုင်နှုန်းကိုဖော်ထုတ်နိုင်ပြီး မကူးစက်သည့်နမူနာ ၉၆ ရာခိုင်နှုန်းကိုဖော်ထုတ်နိုင်ကြောင်းလည်းပြောသည်။
ဇန်နဝါရီတွင် စမ်းသပ်ပစ္စည်း ၃ သန်းထုတ်လုပ်နိုင်မည်ဟု အယ်လူမီကမျှော်လင့်နေပြီး အရေးပေါ်အသုံးပြုခွင့် လျှောက်ထားချိန်က စမ်းသပ်ပစ္စည်းတခုလျှင် ဒေါ်လာ ၃၀ ကျသင့်မည်ဟု ကုမ္ပဏီကပြောသည်။
Ref : FDA authorizes first fully at-home test as more Covid-19 patients are hospitalized than ever before
#PeopleMedia