ကို႐ိုနာဗိုင္းရပ္စ္ တစ္ကမၻာလုံးအဆင့္ကပ္ေရာဂါအျဖစ္ W.H.O တိုးျမႇင့္သတ္မွတ္
PUBLISHED - March 12, 2020
ဂ်ီနီဗာ၊ မတ္ – ၁၂
ကို႐ိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈဟာ တစ္ကမၻာလုံးအဆင့္ကပ္ေရာဂါျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕(W.H.O) က အဆင့္တိုးျမႇင့္သတ္မွတ္လိုက္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ပတ္အတြင္း တ႐ုတ္ႏိုင္ငံျပင္ပမွာ ဗိုင္းရပ္စ္ကူးစက္မႈ ၁၃ ဆျမင့္တက္ခဲ့တယ္လို႔ W.H.O အႀကီးအကဲ ေဒါက္တာတက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီးစီးယက္စ္ကေျပာပါတယ္။
ဗိုင္းရပ္စ္အေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာေကာင္းေလာက္ေအာင္ အေရးယူေဆာင္ရြက္မႈေတြမရွိလို႔ ေတာ္ေတာ္ ေလး စိတ္ပူမိတယ္ဆိုၿပီးလည္းေျပာပါတယ္။
တစ္ကမၻာလုံးအဆင့္ကပ္ေရာဂါဆိုတာဟာ တစ္ခ်ိန္တည္းတစ္ၿပိဳင္နက္ထဲမွာ ကမၻာႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ပြားေနတဲ့ေရာဂါကိုသတ္မွတ္တာပါ။
အဆင့္တိုးျမႇင့္သတ္မွတ္လိုက္ေပမဲ့ ကမၻာ့ႏိုင္ငံေတြ ဘာလုပ္သင့္တယ္ဆိုတာနဲ႔ပတ္သက္ၿပီး အႀကံေပးထားတာ ကို ေျပာင္းလဲမွာမဟုတ္ဘူးလို႔လည္း ေဒါက္တာဂီဘရီးစီးယက္စ္ကေျပာပါတယ္။
ကမၻာ့ႏိုင္ငံေတြအေနနဲ႔ ခ်က္ခ်င္းနဲ႔ ျပင္းျပင္းထန္ထန္အေရးယူေဆာင္ရြက္ၾကၿပီး ကူးစက္မႈလမ္းေၾကာင္းေျပာင္း ပစ္ၾကဖို႔ တိုက္တြန္းပါတယ္။
“ဗိုင္းရပ္ကို ဦးႏွိမ္ထားၿပီး ထိန္းခ်ဳပ္လို႔ရတယ္ဆိုတာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ထုတ္ျပထားတယ္” ဆိုၿပီး လည္းေျပာပါတယ္။
လက္ရွိမွာ အလုံပိတ္ထားတာ ၁ လေက်ာ္ၾကာေနတဲ့ တ႐ုတ္ျပည္သူ့သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ကေန ၿပီးခဲ့တဲ့ ဒီဇင္ဘာမွာ စတင္ျပန္႔ႏွံ႔ခဲ့တဲ့ဗိုင္းရပ္စ္ေၾကာင့္ ဒီေန႔အထိဆိုရင္ ဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၁၀၀၀၀ ေက်ာ္ ရွိေနၿပီး ေသဆုံးသူ ၄၀၀၀ ေက်ာ္ရွိေနပါၿပီ။
Ref:Corona Virus confirmed as pandemic
#PeopleMedia #CoronaVirus #Pandemic
(Unicode)
ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံးအဆင့်ကပ်ရောဂါအဖြစ် W.H.O တိုးမြှင့်သတ်မှတ်
……………………………………………………
ဂျီနီဗာ၊ မတ် – ၁၂
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ တစ်ကမ္ဘာလုံးအဆင့်ကပ်ရောဂါဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O) က အဆင့်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှု ၁၃ ဆမြင့်တက်ခဲ့တယ်လို့ W.H.O အကြီးအကဲ ဒေါက်တာတက်ဒရို့စ် အက်ဟာနွန် ဂီဘရီးစီးယက်စ်ကပြောပါတယ်။
ဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာကောင်းလောက်အောင် အရေးယူဆောင်ရွက်မှုတွေမရှိလို့ တော်တော် လေး စိတ်ပူမိတယ်ဆိုပြီးလည်းပြောပါတယ်။
တစ်ကမ္ဘာလုံးအဆင့်ကပ်ရောဂါဆိုတာဟာ တစ်ချိန်တည်းတစ်ပြိုင်နက်ထဲမှာ ကမ္ဘာနိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ရောဂါကိုသတ်မှတ်တာပါ။
အဆင့်တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ ကမ္ဘာ့နိုင်ငံတွေ ဘာလုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အကြံပေးထားတာ ကို ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း ဒေါက်တာဂီဘရီးစီးယက်စ်ကပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ချက်ချင်းနဲ့ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ကြပြီး ကူးစက်မှုလမ်းကြောင်းပြောင်း ပစ်ကြဖို့ တိုက်တွန်းပါတယ်။
“ဗိုင်းရပ်ကို ဦးနှိမ်ထားပြီး ထိန်းချုပ်လို့ရတယ်ဆိုတာ နိုင်ငံတော်တော်များများက ထုတ်ပြထားတယ်” ဆိုပြီး လည်းပြောပါတယ်။
လက်ရှိမှာ အလုံပိတ်ထားတာ ၁ လကျော်ကြာနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ စတင်ပြန့်နှံ့ခဲ့တဲ့ဗိုင်းရပ်စ်ကြောင့် ဒီနေ့အထိဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၁၀၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၄၀၀၀ ကျော်ရှိနေပါပြီ။
Ref:Corona Virus confirmed as pandemic
#PeopleMedia #CoronaVirus #Pandemic