• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိ မရွိကို ျမန္မာႏိုင္ငံတြင္ ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မည္

ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိ မရွိကို ျမန္မာႏိုင္ငံတြင္ ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မည္

Share this post

ရန္ကုန္

၂၀၂၀၊ ေဖေဖာ္ဝါရီလ ၁၀

ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္ခံထားရျခင္း ရွိ မရွိကို ျမန္မာႏိုင္ငံတြင္လည္း ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွသိရသည္။

ဓာတ္ခြဲစစ္ေဆးျခင္းႏွင့္ပတ္သက္ေသာ လိုအပ္သည့္ Training မ်ားကိုအေမရိကန္ႏိုင္ငံ CDC ဓာတ္ခြဲကြၽမ္းက်င္ပညာရွင္မ်ားမွယခုလ ၁၇ ရက္တြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္သင္ၾကားေပးမည္ျဖစ္ၿပီး ဓာတ္ခြဲခန္းရွိသည္ႏွင့္ ခ်က္ျခင္း ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိမရွိကို ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မည္ဟု သိရသည္။

” ဇီဝလုံၿခဳံေရးအတြက္ လိုအပ္မယ့္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ရမယ္။ ေနာက္ ေဖေဖာ္ဝါရီလကုန္မွာ ဓာတ္ခြဲပစၥည္းေတြရရွိႏိုင္ရင္ ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈကို ျမန္မာႏိုင္ငံမွာ စတင္လုပ္ေဆာင္ႏိုင္မွာျဖစ္တယ္” ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး ကေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံမွ ကို႐ိုနာ သံသယလူနာမ်ားႏွင့္ေစာင့္ၾကည့္လူနာမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ပိုးရွိ မရွိအား လူနာမ်ား၏ ႏွာေခါင္းဖတ္မ်ားရယူကာ ထိုင္းႏိုင္ငံသို႔ ပို႔ေဆာင္ စစ္ေဆးေနျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ တြင္ယခုလ ၉ ရက္အထိ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ကိုးဦး၊ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ တစ္ဦးရွိၿပီး ေဆး႐ုံ တက္‌‌ေရာက္ကုသေနသည့္လူနာ ၁၀ဦးရွိဟု က်န္းမာေရးဝန္ႀကီးဌာနမွ ယမာန္ေန႔ ေန႔စြဲျဖင့္ထုတ္ျပန္ထားသည္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလတ္တေလာအသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါ ျဖစ္ပြား ပ်ံ႕ႏွံ႔မႈႏႈန္းသည္ ကမၻာတစ္ဝန္းတြင္မူ ေရာဂါျဖစ္ပြားသူေပါင္း (၃၄,၈၈၆)ဦးရွိၿပီး တ႐ုတ္ႏိုင္ငံတြင္ (၃၄,၅၉၈) ဦးရွိေနေၾကာင္းသိရသည္။

Jasmine

#peoplemedia

(unicode)
ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ မရှိကို မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်
………………………………………………………………………

ရန်ကုန်

၂၀၂၀၊ ဖေဖော်ဝါရီလ ၁၀

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံထားရခြင်း ရှိ မရှိကို မြန်မာနိုင်ငံတွင်လည်း ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသိရသည်။

ဓာတ်ခွဲစစ်ဆေးခြင်းနှင့်ပတ်သက်သော လိုအပ်သည့် Training များကိုအမေရိကန်နိုင်ငံ CDC ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များမှယခုလ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်သင်ကြားပေးမည်ဖြစ်ပြီး ဓာတ်ခွဲခန်းရှိသည်နှင့် ချက်ခြင်း ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိကို ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်ဟု သိရသည်။

” ဇီဝလုံခြုံရေးအတွက် လိုအပ်မယ့်ပြင်ဆင်မှုတွေကို လုပ်ဆောင်ရမယ်။ နောက် ဖေဖော်ဝါရီလကုန်မှာ ဓာတ်ခွဲပစ္စည်းတွေရရှိနိုင်ရင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို မြန်မာနိုင်ငံမှာ စတင်လုပ်ဆောင်နိုင်မှာဖြစ်တယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရိုနာ သံသယလူနာများနှင့်စောင့်ကြည့်လူနာများတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပိုးရှိ မရှိအား လူနာများ၏ နှာခေါင်းဖတ်များရယူကာ ထိုင်းနိုင်ငံသို့ ပို့ဆောင် စစ်ဆေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ တွင်ယခုလ ၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ကိုးဦး၊ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တစ်ဦးရှိပြီး ဆေးရုံ တက်‌‌ရောက်ကုသနေသည့်လူနာ ၁၀ဦးရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ယမာန်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွား ပျံ့နှံ့မှုနှုန်းသည် ကမ္ဘာတစ်ဝန်းတွင်မူ ရောဂါဖြစ်ပွားသူပေါင်း (၃၄,၈၈၆)ဦးရှိပြီး တရုတ်နိုင်ငံတွင် (၃၄,၅၉၈) ဦးရှိနေကြောင်းသိရသည်။

Jasmine

#peoplemedia


Share this post