• Follow Us on

Home ကီလိုမီတာ ၁၀၀ အထိ ပစ်ခတ်နိုင်တဲ့ အမြောက်ကျည်တွေ ရိုင်းမီထိုင်းကုမ္ပဏီက ယူကရိန်းကို ပို့ပေးမည်

ကီလိုမီတာ ၁၀၀ အထိ ပစ်ခတ်နိုင်တဲ့ အမြောက်ကျည်တွေ ရိုင်းမီထိုင်းကုမ္ပဏီက ယူကရိန်းကို ပို့ပေးမည်

Share this post

နိုင်ငံတကာ၊ မေ ၈

 

ရိုင်းမီထိုင်းကုမ္ပဏီ (Rheinmetall) ဟာ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အထိပစ်ခတ်နိုင်တဲ့ အမြောက်ကျည်တွေ ကို အခုနှစ်အတွင်း ယူကရိန်းကို ပေးပို့သွားမှာဖြစ်ကြောင်း ကုမ္ပဏီ CEO အာမင်ပက်ပါဂျာက ပြောကြားလိုက် ပါတယ်။

 

ယူကရိန်းစစ်ပွဲအတွင်း ရိုင်းမီထိုင်းကုမ္ပဏီနဲ့ တခြားမိတ်ဖက်အဖွဲ့အစည်းတွေ အရင်က တင်ပို့ခဲ့တဲ့ အမြောက် ကျည်တွေထက် အကွာအ ဝေးပိုမိုပစ်ခတ်နိုင်တဲ့ အမြောက်ကျည်အမျိုးအစားကိုတော့ ပက်ပါဂျာက ထုတ်ဖော် ပြောကြားခြင်းမရှိပါဘူး။ “အမြောက်တွေဟာ စစ်ပွဲရဲ့ဥပဒေတွေကို ပြောင်းလဲပစ်ပါတယ်။

 

အခုနှစ်အတွင်း ရိုင်းမီထိုင်းကုမ္ပဏီက ယူက ရိန်းတပ်မတော်အတွက် အမြောက်ကျည်ထောင်ပေါင်းများစွာ ထောက်ပံသွားဖို့ စီစဉ်ထားပါတယ်။” လို့ CEO ပြောစကားကို Handelsblatt မှာ ဖော်ပြထားပါတယ်။

 

“တခြားစစ်လက်နက်ပစ္စည်းတွေနဲ့အတူ ကီလိုမီတာ ၁၀၀ အထိ ပစ်ခတ်နိုင်တဲ့ အမြောက်ကျည်တွေကို ပေးပို့ သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဘယ်အမြောက်ကျည်မှ အခုပြောတဲ့ ရိုင်းမီထိုင်းကုမ္ပဏီထုတ် အမည်ပေးမထားတဲ့ အမြောက်ကျည်ပစ်ခတ်နိုင် တဲ့ အကွာအဝေးကို မမီသေးဘူးလို့ ဆိုပါတယ်။

 

ယူကရိန်းကိုပို့ထားတဲ့ အဝေးဆုံးပစ်ခတ်နိုင်တဲ့ ဂျာမန်ထုတ် အမြောက်ကျည်တွေထဲမှာ ကီလိုမီတာ ၇၀ (၄၃ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ ၁၅၅ မမ ဗော်လ်ကန်နို အမြောက်ကျည်လည်းပါဝင်ပါတယ်။

 

ဒါ့အပြင် အမည်ပေးမထားတဲ့ အဲဒီအမြောက်ကျည်ဟာ ပိုပြီးဈေးကြီးပြီး ကီလိုမီတာ ၇၀ (၄၃ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ HIMAR အတွဲလိုက်ဒုံးပစ်လောင်ချာနဲ့ ပစ်ခတ်တဲ့ GMLRS ရော့ကက်ထက်လည်း စွမ်း ဆောင်ရည် ပိုမြင့်မားတယ်လို့ ဆိုပါတယ်။

 

တာဝေးပစ်ခတ်နိုင်တဲ့ Excalibur အမြောက်ကျည်ဟာ ၂၅ မိုင်ကနေ မိုင် ၃၀ (၄၀ – ၄၈ ကီလိုမီတာ) အထိ ပစ် ခတ်နိုင်သလို အမေရိကန်တွေသုံးနေတဲ့ ၁၅၅ မမ အမြောက်ကျည်က ၁၉ မိုင်ကနေ ၂၅ မိုင် (၃၀-၄၀ ကီလိုမီ တာ) အထိ ပစ်ခတ်နိုင်ပါတယ်။

 

အခုပြောတဲ့ ယူကရိန်းကို ပို့ပေးမယ့် တာဝေးပစ်ခတ်နိုင်တဲ့ အမြောက်ကျည် အရေအတွက်ကိုလည်း ပက်ပါဂျာ က ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

ရိုင်းမီထိုင်းကုမ္ပဏီအနေနဲ့ အခုနှစ်အတွင်း ၂၀၂၂ ခုနှစ်ထုတ်လုပ်မှုထက် ဆယ်ဆမြှင့်တင်ပြီး အမြောက်ကျည် ၇၀၀၀၀၀ ထုတ်လုပ်သွားမှာဖြစ်သလို လာမယ့်နှစ်တွေမှာ တစ်နှစ်ကို အမြောက်ကျည် တစ်သန်းကျော် ထုတ် လုပ်သွားမှာဖြစ်ကြောင်း ပက်ပါဂျာက ပြောပါတယ်။

 

ရည်မှန်းထားတဲ့ အရေအတွက် ပြည့်မီရေးအတွက် ယူကရိန်းနိုင်ငံမှာ စက်ရုံတစ်ရုံတည်ဆောက်ဖို့ စီစဉ်နေသ လို ဂျာမနီနဲ့ လစ်သူယေးနီးယားမှာလည်း အမြောက်ကျည်ထုတ်လုပ်ရေးစက်ရုံတွေ တည်ဆောက်သွားမှာဖြစ် ကြောင်း CEO ပက်ပါဂျာက ပြောပါတယ်။

 

Ref: Rheinmetall to Deliver Unnamed 100 Km Artillery Round to Ukraine: CEO

 

#PeopleMedia


Share this post