• Follow Us on

Home ကုန်တင်ယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ ဘထ္ထရီစက်ဘီး စီးနင်းသူ အမျိုးသမီးသေဆုံး

ကုန်တင်ယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ ဘထ္ထရီစက်ဘီး စီးနင်းသူ အမျိုးသမီးသေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

သံလွင်တံတား(မော်လမြိုင်) အတက်လမ်းတွင် ကုန်တင်ယာဉ်မှ ဘထ္ထရီစက်ဘီးအား ကျော်တတ်ရာ ဘထ္ထရီ စက်ဘီးစီးနင်းသူ အမျိုးသမီးမှာ လမ်းဘေးအုတ်ခုံနှင့် တိုက်မိ၍ သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၃၁ ရက် ညနေ ၅:၃၀ အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ် နေရာသို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

ထိုသေဆုံးသည့် အမျိုးသမီးမှာ မုတ္တမမြို့တွင် နေသည့် မအေးခိုင်ဇာမြင့်ဖြစ်ပြီး၊ ကုန်တင်ယာဉ်မောင်း အမျိုး သားမှာ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်တွင် နေထိုင်သည့် ဇော်သူရ ကိုမော်လမြိုင်မြို့မရဲစခန်းယာဉ်(ပ) ၃/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post