ကုန်သွယ်ရေးချိန်ခွင်လျှာ ညီမျှအောင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဗီယက်နမ်ကို အမေရိကန်ပြော

PUBLISHED - March 14, 2025
နိုင်ငံတကာ၊ မတ် ၁၄
အမေရိကန်နိုင်ငံအနေနဲ့ နှစ်နိုင်ငံကြား ကုန်သွယ်မှုလိုငွေ လျော့ကျနေတာကို လျှော့ချပြီး ကုန်သွယ်မှုပိုငွေ မြင့်တက်လာ အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာက ဗီယက်နမ်ကုန်သွယ် ရေးထိပ်တန်းအရာရှိကို ပြောကြားလိုက်ပါတယ်။
မိမိတို့အစိုးရအနေနဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် “ကုန်သွယ်ရေးအတားအဆီးတွေ” ကို ဖယ်ရှားသွားဖို့ ချင့်ချိန်စဉ်း စားနေပြီး ပြည်ပပို့ကုန်တွေတင်ပို့ရာမှာ မသမာမှုတွေကို နှိမ်နှင်းသွားမှာဖြစ်ကြောင်း မတ်လ ၁၃ ရက်နေ့က ဝါရှင်တန်မှာ ဂျေမီဆန်ဂရီယာနဲ့ တွေ့ဆုံစဉ် ဗီယက်နမ် စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒီးယန်းက ပြောကြောင်း ဝန်ကြီး ဌာနဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ ၎င်းတို့ဈေးကွက်ကို ဖွင့်လှစ်ဖို့ ခိုင်မာအားကောင်းတဲ့ ဖြေရှင်းနည်းတွေလိုအပ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးချိန်ခွင်လျှာညီမျှအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဂရီယာက ဒီးယန်းကို ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ အမေရိကန်နဲ့ ဗီယက်နမ်ကုန်သွယ်ရာမှာ အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၂၃.၅ ဘီလျံရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) က ပြောပါတယ်။
ထရမ့်အစိုးရရဲ့ America First အစီအစဉ်အရ သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံရေးမူဝါဒကို မဟာဗျူဟာ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင့်သုံးနေစဉ်မှာ အခုလို ကုန်သွယ်မှုလိုငွေပြနေတာက ဗီယက်နမ်နိုင်ငံကို အာရုံစိုက်သတိထားမိနေပါ တယ်။
တရုတ်နဲ့ မက္ကဆီကို ပြီးရင် အမေရိကန်နိုင်ငံအတွက် ကုန်သွယ်မှုလိုငွေပြနေတဲ့အထဲမှာ ဗီယက်နမ်နိုင်ငံဟာ တတိယ အမြင့်ဆုံးနေရာက လိုက်နေပါတယ်။
သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံတာကို ရှောင်ရှားဖို့အတွက် တရုတ်နိုင်ငံက ၎င်းတို့ ကုမ္ပဏီတွေကို တခြားနေရာတွေ မှာ ဖွင့်လှစ်နေသလို ဗီယက်နမ်ကလည်း ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတချို့ကို လမ်းကြောင်းပြောင်းဖို့ ပြင်ဆင်နေကြ ပါတယ်။
၂၀၂၄ ခုနှစ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ဗီယက်နမ်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ တတိယပို့ကုန်အများဆုံးပို့တဲ့ နိုင်ငံအဖြစ် ဂျပန်နိုင်ငံကို ကျော်တက်သွားခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ကုန်သွယ်ရေးအတား အဆီးတွေကို ဖယ်ရှားသွားဖို့ စဉ်းစားနေပြီး ကုန်သွယ်ရေးမသမာမှုနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ဟန့်တားဖို့ နည်း စနစ်တွေ ရေးဆွဲချမှတ်နေကြောင်း ကုန်သွယ်ရေးဝန်ကြီးဒီးယန်းက အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂရီယာ ကို ပြောပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးတွေကို တည်ဆောက်နေကြောင်း ဒီးယန်းက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံက အမေရိကန်ကို ကုန်ပစ္စည်းတွေတင်ပို့နေတာကို အထောက်အကူပြုမယ့် ဈေးကွက်စီးပွားရေးတစ်ခုအ ဖြစ် ဗီယက်နမ်ရဲ့ မေတ္တာရပ်ခံချက်ကို အသိအမှတ်ပြုဖို့ ဝန်ကြီးဒီးယန်းက ထပ်လောင်းပြောကြားပါတယ်။
စီးပွားရေး-ကုန်သွယ်ရေး-ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွေမှာ အမေရိကန်ရဲ့ လက်ရှိစိုးရိမ်ပူပန်မှုတွေကို ဗီယက်နမ် အရာ ရှိတွေက ကိုင်တွယ်ဖြေရှင်းနေကြောင်း ဟနွိုင်းမြို့မှာ ဝန်ကြီးချုပ်ဖမ်မင်ချင်းက ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန်သံအ မတ်ကြီးမက်ကနက်ပါကို ပြောကြောင်း အစိုးရဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်အစိုးရအနေနဲ့ အမေရိကန်ထုတ်ကုန်တွေပေါ် သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံထားတာတွေကို ပြန်လည် စိ စစ်နေပြီး သဘာဝဓာတ်ငွေ့ရည် (LNG) ၊ အဆင့်မြင့်နည်းပညာပစ္စည်းများနဲ့ လယ်ယာထွက်ကုန်တွေလို အမေရိကန် ထုတ်ကုန်တွေကို တိုးမြှင့်တင်သွင်းနိုင်ရေး တိုက်တွန်းအားပေးနေကြောင်း သိရပါတယ်။
Ref: US tells Vietnam to improve trade balance amid tariff risks
#PeopleMedia