• Follow Us on
Latest News

Home ကုန်းတွင်းတံတားစီမံကိန်းမှာရင်းနှီးမြှုပ်နှံဖို့ ထိုင်းဝန်ကြီးဆူရီယာ တရုတ်လုပ်ငန်းရှင်တွေကို စည်းရုံး

ကုန်းတွင်းတံတားစီမံကိန်းမှာရင်းနှီးမြှုပ်နှံဖို့ ထိုင်းဝန်ကြီးဆူရီယာ တရုတ်လုပ်ငန်းရှင်တွေကို စည်းရုံး

Share this post

နိုင်ငံတကာ၊ မေ ၁၀

 

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်းဂ ရောင်းဂရီးကစ်က ထိုင်းဘတ်ငွေ ၁ ထရီလီယန်ကုန်ကျမယ့် ကုန်းတွင်းတံတားစီမံကိန်းအကြောင်းကို တရုတ် လုပ်ငန်းရှင် ၃၀ ကျော်ကို ဘေဂျင်းမြို့မှာ ရှင်းလင်းပြောကြားပြီး လာရောက်ရင်းနှီးမြှုပ်နှံဖို့ စည်းရုံးခဲ့ပါတယ်။

 

ဘေဂျင်းမြို့ Grand Hyatt Beijing ဟိုတယ်မှာကျင်းပတဲ့ အဆိုပါအခမ်းအနားကို လော်ဂျစ်စတစ်၊ သင်္ဘော လိုင်း၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုလုပ်ငန်း၊ ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ က တရုတ်လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

 

ချွန်ဖုန်မြို့နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ရနောင်းမြို့မှာတည်ဆောက်မယ့် ရေနက်ဆိပ်ကမ်းတွေနဲ့ အဲဒီနှစ်မြို့ကြား က သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပြောင်းလဲဖောက်လုပ်မယ့် ဧရာမစီမံကိန်းကြီးအကြောင်းကို ဆူရီ ယာက ရှင်းပြပါတယ်။

 

အဆိုပါကုန်းတွင်းတံတားစီမံချက်ဟာ လက်ရှိကုန်သင်္ဘောတွေ အဓိကကူးသန်းသွားလာနေတဲ့ လ်းကြောင်းဖြစ် တဲ့ မလက္ကာရေလက်ကြားလမ်းကြောင်းကို အသွားအလာကျပ်တည်းမှုကို လျှော့ချသွားမှာဖြစ်ပြီး ပစိဖိတ် သမုဒ္ဒ ရာနဲ့ အိန္ဒိယသမုဒ္ဒရာကြားမှာ လမ်းကြောင်းတစ်ခု ဖန်တီးတည်ဆောက်သွားမှာဖြစ်ပါတယ်။

 

လော်ဂျစ်စတစ်လုပ်ငန်းတွေက တိုက်ရိုက်အကျိုးခံစားခွင့်တွေသာမက ကုန်းတွင်းတံတားလမ်းကြောင်းတစ် လျှောက်က စီးပွားရေးစီမံချက်တွေမှာလည်း ပါဝင်ဆောင်ရွက်ပြီး နှစ်ပေါင်း ၅၀ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်အ ကျိုးအမြတ်ရယူဖို့အတွက် ပုဂ္ဂလိကကဏ္ဍကိုလည်း ဖိတ်ခေါ်ကြောင်း ဆူရီယာက ပြောပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့ တောင်ပိုင်းစီးပွားရေးလမ်းကြောင်းရုံးစီမံချက် ဖွင့်လှစ်သွားနိုင်ရေး အခုနှစ်စတုတ္ထသုံးလ ပတ်မှာ အဆိုပြုသွားဖို့နဲ့ ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်မှာ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေးအဖွဲ့တွေ စတင်စေလွှတ် သွားဖို့ ရည်ရွယ်ထားကြောင်း ၎င်းက ပြောပါတယ်။

 

စီမံချက်လေလံပွဲတွေကို ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း စတင်နိုင်ပြီး မြေနေရာ သတ်မှတ်ခြင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဲဒီနှစ် စတုတ္ထသုံးလပတ်အတွင်းမှာ စတင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။

 

စီမံကိန်းလုပ်ငန်းတစ်ခုလုံး ၂၀၃၀ ပြည့်နှစ်မှာ အပြီးတည်ဆောက်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

 

ဘတ်ငွေ ၁ ထရီလီယန်ခန့်မှန်းထားတဲ့ ဒီစီမံကိန်းကြီးမှာ ရနောင်းဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဘတ်ငွေ ဘီလျံ ၃၀၀၊ ချွန်ဖုန်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဘတ်ငွေ ဘီလျံ ၃၃၀၊ ဆိပ်ကမ်းနှစ်ခုအတွင်း ကုန်တင် သင်္ဘော ရွှေ့ပြောင်းရေးစင်တာ (Single Rail Transfer Operator – STRO) တည်ဆောက်ရေးအတွက် ဘတ် ငွေ ဘီလျံ ၁၄၀ နဲ့ ဆပ်ကမ်းနှစ်ခုကြားသယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦတွေတည်ဆောက်ရေးအ တွက် ဘတ်ငွေ ဘီလျံ ၂၂၀ သုံးစွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Suriya promotes land bridge project to Chinese investors

 

#PeopleMedia


Share this post