• Follow Us on
Latest News

Home ကုန်းတွင်းတံတားစီမံချက်အတွက် မြေယာလွှဲပြောင်းမှုနဲ့ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေ စိုးရိမ်ပူပန်နေ

ကုန်းတွင်းတံတားစီမံချက်အတွက် မြေယာလွှဲပြောင်းမှုနဲ့ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေ စိုးရိမ်ပူပန်နေ

Share this post

နိုင်ငံတကာ၊ ဇွန် ၁

 

ထိုင်းနိုင်ငံရဲ့ ကုန်းတွင်းတံတားစီမံချက်ဆောင်ရွက်ဖို့အတွက် မြေလွှဲပြောင်းရာမှာ မြေလွှဲပြောင်းမှုကို နှောင့်နှေး ကြန့်ကြာစေနိုင်တဲ့ ဥပဒေကြောင်းအရ ပြဿနာတွေဖြစ်ပေါ်လာမှာကို စီမံချက်ကိုစိတ်ဝင်စားနေကြတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက စိုးရိမ်ပူပန်နေကြကြောင်း The Nation မှာ ရေးသားထားပါတယ်။

 

ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးမယ့်လမ်းကြောင်းဖြစ်တဲ့ ဒီဧရာမစီမံချက်ကြီးအတွက် ထိုင်းနိုင်ငံချွန်ဖုန်ပြည်နယ်နဲ့ ရနောင်းပြည်နယ်တို့မှာ ရေနက်ဆိပ်ကမ်းတွေနဲ့ အဲဒီရေ နက်ဆိပ်ကမ်းနှစ်ခုအ တွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ တည်ဆောက်သွားမှာဖြစ်ပါတယ်။

 

ဘတ်ငွေ ၁ ထရီလီယန် အကုန်အကျခံတည်ဆောက်မယ့် ဒီစီမံချက်ရဲ့ လမ်းကြောင်းသစ်ဟာ လက်ရှိအသုံးပြု နေပြီး ကုန်သင်္ဘောတွေပြည့်ကျပ်နေတဲ့ မလက္ကာရေလမ်းကြောင်းက ရေလမ်းကြောင်းပိတ်ဆို့မှုကို လျှော့ချပေး သွားမှာဖြစ်ပါတယ်။

 

စီမံချက်လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ပုဂ္ဂလိကပိုင်ဆိုင်တဲ့မြေတချို့ဟာ မြေယာပိုင်ဆိုင်ခွင့်စာချုပ်တွေမရှိ တဲ့အတွက် မြေယာလွှဲပြောင်းမှုလုပ်ငန်းစဉ်မှာ ပြဿနာဖြစ်လာမှာကို စိုးရိမ်ကြောင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတ ချို့က ကြာသပတေးနေ့ (မေလ ၃၀ ရက်နေ့) က သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ ဈေးကွက်သ တင်းအချက်အလက်မျှဝေရေး အစည်းအဝေးမှာ ပြောပါတယ်။

 

မြေယာပိုင်ဆိုင်ခွင့်စာချုပ်တွေမရှိတဲ့အတွက် မြေယာလွှဲပြောင်းမှုဥပဒေအရ အဲဒီပိုင်ရှင်တွေကို စနစ်တကျ လျော်ကြေးပေးလို့ အဆင်မပြေကြောင်း တက်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။

 

ရလဒ်အနေနဲ့ အဲဒီမြေပိုင်ရှင်တွေဟာ စီမံချက်လုပ်ငန်းကြီးကို တရားစွဲဆိုလာနိုင်ပြီး အဲဒီလို တရားစွဲဆိုလာရင် မြေယာလွှဲပြောင်းမှုလုပ်ငန်းစဉ်မှာ အဟန့်အတားဖြစ်ကာ နှောင့်နှေးကြန့်ကြာသွားမှာဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြပါတယ်။

 

စီမံချက်လုပ်ငန်းကြီးကို ဒေသခံတွေ ထောက်ခံမှုရရှိရေးအတွက် မြေယာပိုင်ရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဝန်ကြီး ဌာနအနေနဲ့ တောင်ပိုင်းပြည်နယ်နှစ်ခုကို တောက်လျှောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာနာပွန်းခရမ်ဆရီက ပြောပါတယ်။

 

“ကျွန်မတို့ နောက်ဆုံးဆန်းစစ်လေ့လာမှုအရသိရတာကတော့ ဒေသခံပြည်သူအများစုက ကုန်းတွင်းတံတားစီမံ ချက်လုပ်ငန်းကြီးကို ထောက်ခံကြပါတယ်။ မဆိုစလောက် လူနည်းစုကသာ မြေယာလွှဲပြောင်းရေးအဖွဲ့ထံကနေ လျော်ကြေးပိုလိုချင်လို့ ကန့်ကွက်နေကြတာပါ။ အစိုးရအနေနဲ့ ဒီပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းဖို့ နည်းလမ်းရှာဖွေသွားမှာဖြစ်ပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့ စီမံချက်အတွက် EHIA အစီရင်ခံစာ (သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်နစ်နာမှု ဆန်းစစ်ချက် အစီရင်ခံစာ) ကိုလည်း ပြင်ဆင်နေပြီး အခုနှစ်အကုန်လောက်မှာ အပြီးသတ်တင်ပြနိုင်မယ်လို့ ခန့် မှန်းထားကြောင်း မာနာပွန်းက ပြောပါတယ်။

 

မြေယာလွှဲပြောင်းမှုလုပ်ငန်းစဉ်ကို ပြဿနာတစ်စုံတရာမရှိဘဲ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ ၎င်းက အစည်းအဝေးတက်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ပြောပါတယ်။

 

ရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေကြောင်းအရရှင်းလင်းမှု၊ ရင်းနှီးမြှုပ်နှံမှု အထူးအခွင့်အရေးများနဲ့ အခွန်လျှော့ ပေါ့မှု ခံစားခွင့်တွေထောက်ပံ့ပေးမယ့် ကုန်းတွင်းတံတားစီမံချက်အတွက် ဖွံံ့ဖြိုးတိုးတက်ရေးမောင်းနှင်အားတစ် ရပ်အဖြစ် ဆောင်ရွက်နိုင်ဖို့ “တောင်ပိုင်းစီးပွားရေးလမ်းကြောင်း အက်ဥပဒေ” ပြဋ္ဌာန်းဖို့ ဥပဒေကြမ်းတစ်ရပ်ကို ဝန်ကြီးဌာနက အဆိုပြုတင်ပြသွားဖို့ ရည်ရွယ်ထားကြောင်း ၎င်းက ပြောပါတယ်။

 

အစိုးရအဖွဲ့က ဥပဒေကြမ်းကို ခွင့်ပြုလိုက်ပြီးနောက်မှာ အဲဒီဥပဒေကြမ်းကို ဥပဒေတစ်ရပ်အဖြစ်ပြဋ္ဌာန်းနိုင် အောင် ခန့်မှန်း ၂၀၂၅ ခုနှစ်မတိုင်ခင် လွှတ်တော်ကို တင်ပြသွားမှာဖြစ်ကြောင်း မာနာပွန်းက ပြောပါတယ်။

 

မေလ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုပါအစည်းအဝေးကို ထိုင်းကုမ္ပဏီနဲ့ နိုင်ငံခြားကုမ္ပဏီ ၁၀၀ ကျော်အပြင် မြန်မာ၊ ဂျပန်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတွေက သံရုံးအရာထမ်းတွေ တက်ရောက်ခဲ့ကြပါတယ်။

 

Ref: Concerns about acquisition of land for mega project raised

 

#PeopleMedia


Share this post