• Follow Us on
Latest News

Home ကုန်းတွင်းတံတားစီမံချက်ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုမရှိနိုင်ကြောင်း ချူလာလောင်ကွန်တက္ကသိုလ်က သုတေသီပြော

ကုန်းတွင်းတံတားစီမံချက်ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုမရှိနိုင်ကြောင်း ချူလာလောင်ကွန်တက္ကသိုလ်က သုတေသီပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂

 

ထိုင်းအစိုးရက ၎င်းတို့အဆိုပြုထားတဲ့ ကုန်းတွင်းတံတားစီမံချက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ထောက်ခံမှုရရှိ အောင် အပြင်းအထန်ကြိုးပမ်းနေစဉ်မှာ စီမံချက်ရဲ့အလွန်ကြီးမားလှတဲ့အရွယ်ပမာဏက ရင်းနှီးမြှုပ်နှံသူ တွေ ကို ဟန့်တားထားနိုင်ကြောင်း ချူလာလောင်ကွန်တက္ကသိုလ်က သုတေသီတစ်ဦးက သတိပေးပြောကြားလိုက်ပါ တယ်။

 

အလွန်ကြီးမားလှတဲ့စီမံချက်ဒီဇိုင်းပမာဏကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ၎င်းတို့ငွေကြေးတွေကို စီမံချက်ထဲမှာ ထည့်သွင်းမြှုပ်နှံဖို့ သတိကြီးစွာထားနိုင်ကြောင်း စီမံချကိုလေ့လာနေတဲ့ ချူလာလောင်ကွန်တက္ကသိုလ်အဖွဲ့က ကထိကဆမ်းပေါင်ဆရီဆိုပွန်ဆယ်လ်က တနင်္လာနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) က ပြောပါတယ်။

 

“ရင်းနှီးမြှုပ်နှံရမယ့် ငွေကြေးပမာဏကို ချင့်ချိန်စဉ်းစားပြီး ရင်းနှီးမြှုပ်နံှမယ့်သူတွေဟာ စီမံချက်ကို စိတ်မဝင်စား တာမျိုးဖြစ်လာနိုင်ပါတယ်။” လို့ ရေဒီယိုအစီအစဉ်တစ်ခုနဲ့ အင်အာဗျူးမှာ ၎င်းက ပြောပါတယ်။

 

ရင်းနှီးမြှုပ်နှံသူတွေဟာ စီမံချက်ပမာဏကို လျှော့ချဖို့ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အရေးတွေပိုမိုတောင်း ဆိုတာမျိုးဖြစ်စေ အစိုးရထံမှာ တောင်းဆိုလာနိုင်ကြောင်း မစ္စတာဆမ်းပေါင်က ပြောပါတယ်။

 

တောင်တရုတ်ပင်လယ်နဲ့ ချိတ်ဆက်နေတဲ့ ထိုင်းပယ်လယ်ကွေ့မှာတည်ရှိတဲ့ ချွန်ဖုန်မြို့နဲ့ အက်ဒမန်ပင်လယ် ကမ်းခြေမှာတည်ရှိတဲ့ ရနောင်းမြို့ကို ဆက်သွယ်ထားတဲ့ ဒီစီမံချက်ကြီးမှာ မြို့နှစ်မြို့စလုံးမှာ ရေနက်ဆိပ်ကမ်း တွေတည်ဆောက်သွားမယ့်အပြင် အဲဒီလမ်းကြောင်းတစ်လျှောက် ရထားလမ်းသစ်တစ်ခုနဲ့ အဝေးပြေးကား လမ်းတစ်ခု တည်ဆောက်သွားမှာဖြစ်ပါတယ်။

 

စီမံချက်တစ်ခုလုံးအတွက် ကုန်ကျစရိတ်ကို ဘတ်ငွေ ၁ ထရီလီယန် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

 

ဆွစ်ဇာလန်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ဘေးပန်းအစည်းအဝေးတွေမှာ နိုင်ငံပေါင်းစုံမှာအလုပ်လုပ်နေ တဲ့ လော်ဂျစ်စတစ်ကုမ္ပဏီတစ်ခုက စီမံချက်ကို စိတ်ဝင်စားမှုပြသခဲ့ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ပြောပါတယ်။

 

ထပ်မံဆွေးနွေးဖို့နဲ့ စီမံချက်ပါဒေသတွေကို ကွင်းဆင်းလေ့လာဖို့အတွက် အဲဒီလော်ဂျစ်စတစ်ကုမ္ပဏီရဲ့ ကိုယ် စားလှယ်တွေ ထိုင်းနိုင်ငံကိုလာရောက်မှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။ တခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကလည်း စီမံချက်ကို စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာချိတ်ဆက်ထားတဲ့ လော်ဂျစ်စတစ်လုပ်ငန်းတွေနဲ့ ကုန်းတွင်းစီမံချက်လော်ဂျစ်စတစ်လုပ် ငန်းတွေကို လေ့လာဖို့အတွက် ချူလာလောင်ကွန်တက္ကသိုလ်ကို အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက် မှုကောင်စီက တာဝန်ပေးခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်မှာ ချူလာလောင်ကွန်တက္ကသိုလ်က အစီရင်ခံစာထွက်ပေါ်လာခဲ့ပါတယ်။

 

စီမံချက်ရဲ့ အလွန်ကြီးမားတဲ့အရွယ်အစားနဲ့ မလက္ကာရေလက်ကြားကို အသုံးပြုနေတဲ့ သင်္ဘောလိုင်းတွေရဲ့စိတ် ဝင်စားမှုမရှိနိုင်တာကို ထောက်ပြပြီး အဲဒီစီမံချက်ကို ချူလာလောင်ကွန်အစီရင်ခံစာက မထောက်ခံခဲ့ပါဘူး။

 

စီမံချက်အတွက် အဓိကတာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်တဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း စီမံချက်နဲ့ စီမံချက်ပါ ရနောင်းဆိပ်ကမ်းနဲ့ ချွန်ဖုန်ဆိပ်ကမ်းဟာ တစ်နှစ်ကို ကုန်တင်သင်္ဘော သန်း ၂၀ ကို ထိန်းချုပ်နိုင်ဖို့ ကနဦး ဒီဇိုင်းရေးဆွဲမှုတို့ကို လေ့လာခဲ့ပါတယ်။

 

စီမံချက်ပါ ဆိပ်ကမ်းသုံးစွဲနိုင်တဲ့သင်္ဘောအရေအတွက်ဟာ လက်ရှိ တစ်နှစ်ကို ကုန်တင်သင်္ဘော ၈ သန်းမျှသာ သုံးစွဲထိန်းသိမ်းနိုင်တဲ့ ထိုင်းနိုင်ငံရဲ့အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ လီန်းချာဘန်ဆိပ်ကမ်းထက် ပိုမိုကြီးမားနေပါ တယ်။

 

ချူလာလောင်ကွန်တက္ကသိုလ် ပညာရှင်အဖွဲ့ကတော့ ကုန်တင်သင်္ဘောကုမ္ပဏီစိတ်ဝင်စားမှုမရှိတာကို ကိုးကား ပြီး ကုန်းတွင်းစီမံချက်နဲ့ပတ်သက်တဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းတွက်ချက်မှုကို သံသယဖြစ်ခဲ့ပါတယ်။

 

စီမံချက်ကို နိုင်ငံတကာကုန်တင်သင်္ဘောကုမ္ပဏီတွေက စိတ်မဝင်စားဘူးဆိုတာ ၎င်းတို့ရဲ့လေ့လာမှုက ပြသခဲ့ ကြောင်း၊ စီမံချက်ပါလမ်းကြောင်းကို အသုံးပြုတဲ့အတွက် မလက္ကာရေလက်ကြားကနေ ကုန်စည်ပို့ဆောင်တာ ထက် ၂ ရက်သက်သာနိုင်ပေမဲ့ စီမံချက်ပါဆိပ်ကမ်းနှစ်ခုကြားက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခကို ကုမ္ပဏီတွေ က ပေးချေရဦးမှာဖြစ်သလို တခြားကုန်ကျစရိတ်တွေလည်းရှိသေးတဲ့အပြင် ခရီးစဉ်ကြီးတစ်ခုလုံး ရက်သတ္တ ပတ်တစ်ပတ်ကြာမြင့်မှာဖြစ်ကြောင်း ကထိကဆမ်းပေါင်ဆရီဆိုပွန်ဆယ်လ်က ပြောပါတယ်။

 

အာရှတိုက်၊ ဥရောပတိုက်နဲ့ သြစတေးလျတိုက်ကြားက ကုန်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ သင်္ဘော ၈၀% လောက်ဟာ ထိုင်းနိုင်ငံကတင်ပို့တဲ့ကုန်ပစ္စည်းတွေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်က ကုန်ပစ္စည်းတွေကိုသာ ထားရစ်ခဲ့မှာဖြစ်ပြီး ကုန်းတွင်းတံတားကို အသုံးပြုမှာမဟုတ်ကြောင်း မစ္စတာဆမ်းပေါင် က ပြောပါတယ်။

 

အစိုးရအနေနဲ့ စီမံချက်ကို ပြန်စဉ်းစားသင့်ကြောင်း၊ ဒေသတွင်းက ကုမ္ပဏီတွေ အသုံးပြုဖို့အတွက်လောက်သာ စီမံချက်ပမာဏကို လျှော့ချသင့်ကြောင်း မစ္စတာဆမ်းပေါင်ကပြောပါတယ်။

 

ပိုပြီးအရေးကြီးတာက ထိုင်းအစိုးရအနေနဲ့ အဲဒီစီမံချက်အတွက် အခြေခံအဆောက်အဦတွေ ဒီဇိုင်းမရေးဆွဲခင် မှာ တောင်ပိုင်းဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတစ်ခုကို အရင် ဆုံးစဉ်းစားဆောင်ရွက်သင့်ကြောင်း ၎င်း က ပြောပါတယ်။

 

“ချမ်းသာကြွယ်ဝမှုရဲ့ဗဟိုချက်မဖြစ်ချင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကုန်းတွင်းတံတားစီမံချက်တစ်ခုကို ဆောင်ရွက်ဖို့ လုံးဝ မလိုအပ်ပါဘူး။ တကယ်လိုအပ်တာက လေဆိပ်အသစ်တစ်ခု လိုအပ်တာပါ။” လို့ ၎င်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဟာ ဒီကနေ့ (တနင်္လာနေ့) နဲ့ အင်္ဂနေ့မှာ ကုန်းတွင်းတံတားစီမံချက်ကို ပြည်သူတွေကို ရှင်းလင်း ပြောကြားဖို့အတွက် ရနောင်းမြို့ကိုသွားရောက်မြှဖြစ်ပါတယ်။

 

“ကုန်းတွင်းတံတားစီမံချက်ဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ၊ ဝင်ငွေတွေနဲ့ အရင်တုန်းက မကြုံဖူးသေး တဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ်က ဘန်ကောက်က နေ ရနောင်းကိုမထွက်ခွာခင် X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 

ဒါ့အပြင် စီမံချက်ကို သဘောမတူတဲ့ပြည်သူတွေရဲ့ဆီက စိုးရိမ်ပူပန်မှုတွေကိုလည်း အစိုးရအနေနဲ့ အလေး အနက်ထား စဉ်းစားသွားမှာဖြစ်ကြောင်း ဆရက်ထာက တနင်္ဂနွေနေ့က ပြောပါတယ်။

 

Ref: Huge size of land bridge could tame investor interest, says researcher

 

#PeopleMedia


Share this post